ပရိသတ်ကြီးရေ မိတ်ကပ်ပညာရှင် မထက်ကတော့ လိင်ပြောင်းအမျိုးသမီးတစ်ဦးအဖြစ် ခံယူပြောင်းလဲထားပြီး နောက်ပိုင်းမှာတော့ ပွင့်လင်းမြင်သာတဲ့ ဖက်ရှင်တွေနဲ့ ပရိသတ် တွေကြားမှာ နာမည်ကြီးနေသူ ဖြစ်ပါတယ်။
ပြစ်မျိုးမှဲ့မထင်လောက်အောင် ဆွဲဆောင်မှုရှိတဲ့ သူမရဲ့အလှတရားက ပုရိသတွေရဲ့ရင်ကို အမြဲလှုပ်ခတ်စေတတ်ပါတယ်။
မထက်က အမြဲလိုလို သူမရဲ့အလှတွေကို လှစ်ဟပြ လေ့ရှိ ပြီး အခုလည်း စွဲမက်ဖွယ်ကောင်းတဲ့ အလှပုံရိပ်တွေကို အသစ်တင်ထားတာ တွေ့ရပါတယ်။



သူမဟာလက်တလောမှာတော့ စင်္ကာပူနိုင်ငံကို သူငယ်ချင်းတွေနဲ့ရောက်ရှိနေတာ ဖြစ်ပြီး သူမရဲ့လည်ပတ်သွားလာနေတဲ့ ပုံရိပ်တွေကို လူမှုကွန်ယက်စာမျက်နှာကနေတစ်ဆင့် ပရိသတ်တွေကို မျှဝေပေးထားပါတယ် ။
သူမဟာ ပေါ့ပါးလွတ်လပ်တဲ့ ဖက်ရှင်လေးနဲ့ လူငယ်လေး တစ်ယောက်လို လန်းဆန်း တက်ကြွပြီး ပျော်ရွှင်နေတာကို တွေ့ရပါတယ် ။
ဘာမိတ်ကပ်မှ ပြင်ဆင် ခြယ်သထားခြင်းမရှိပေမယ့် သူမရဲ့ ဆယ်ကျော်သက်လေးလို လန်းဆန်း တက်ကြွနေတဲ့ အမိုက်စား ပုံရိပ်လေးတွေက စင်္ကာပူရဲ့အလှတွေတောင် မှေးမိန်သွားလောက်အောင် လန်းနေတာပါ ပရိသတ်ကြီးရေ ...။



မထက်ကတော့ အချိန်အတော်ကြာ နာမည်တစ်လုံးနဲ့ရပ်တည်နေခဲ့ပြီး အခုထိတိုင် ထင်ရှား အောင်မြင်ဆဲ ဖြစ်ပါတယ်။
ကဲ ချစ်ပရိသတ်ကြီးလည်း မထက်ရဲ့စင်္ကာပူရောက် အလှပတွေ ကို ခံစားနိုင်ဖို့ သူမရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။
Source : Ma Htet



"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။