တောင်ကိုရီးယားမင်းသမီး Song Hye Kyo ဟာဆိုရင် The Glory ဇာတ်လမ်းတွဲ ရိုက်ကူးပြီးနောက်မှာ ဟာသ ဇာတ်လမ်းတွဲတွေမှာသာ ပါဝင်သရုပ်ဆောင်ချင်တော့ကြောင်း သူမရဲ့ အမြင်လေးကို ပြောလာခဲ့ပါတယ်။

အဆိုပါ အကြောင်းအရာကို ဇန်နဝါရီလ ၁၈ ရက်နေ့တုန်းက Song Hye Kyo က Elle Korea နဲ့ အင်တာဗျူးလုပ်ထားတဲ့ အစီအစဉ်မှာ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။ အဆိုပါ အစီအစဉ်ထဲမှာ ပရိသတ်တစ်ယောက်မေးတဲ့ ဟာသဇာတ်ကားလေးတွေမှာ ပါဝင်ဖို့ရှိလားဆိုတဲ့ မေးခွန်းကို Song Hye Kyo က ပြန်လည် ဖြေဆိုပေးခဲ့တာဖြစ်ပါတယ်။ Song Hye Kyo က သူမ ဆီမှာသာ အခွင့်အရေး ရှိဦးမယ်ဆိုရင် ဟာသ ဇာတ်လမ်းတွေကိုလည်း ဖန်တီးပြုလုပ်ချင်ကြောင်း ၊ ဟာသ ဇာတ်လမ်းကို အဓိက ဇာတ်လမ်းအနေနဲ့ ရိုက်ကူးချင်ကြောင်း ၊ သူမနဲ့ လိုက်ဖက်တဲ့ ဇာတ်ကောင်မျိုး တွေ့ခဲ့ရင် ဟာသ ဇာတ်ကားဆိုလည်း လက်ခံပြီး ရိုက်ကူးမှာ ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။


တောင်ကိုရီးယားမင်းသမီး Song Hye Kyo က လက်ရှိမှာ The Glory ဇာတ်လမ်းနဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေ များစွာကို ရရှိပိုင်ဆိုင်ထားပါတယ်။




The Glory က ကျောင်းတွင်း အကြမ်းဖက်မှု ပုံစံကို စိတ်မကောင်းဖွယ် အောင့်မေ့ ငြီးငွေ့ ဖွယ်ရိုက်ကူးထားတာဖြစ်ပြီး အသက်ရှူ မှားလောက်အောင် စိတ်ညစ်ရတာကြောင့် Song Hye Kyo အနေနဲ့ အခုလိုမျိုး ပေါ့ပေါ့ပါးပါး ဟာသ ကားလေးတွေမှာ ပါဝင် သရုပ်ဆောင်ချင်နေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။