တောင်ကိုရီးယားနိုင်ငံရဲ့မင်းသမီး Han So Hee ဟာ  လှပတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး  သူမရဲ့ အလှဟာ မြင်ရသူတိုင်းကို ရင်သပ်ရှုမောဖြစ်စေပါတယ်။ဒီလိုခန္ဓာကိုယ်အလှကို ထိန်းသိမ်းဖို့သူမဟာ သူမအကြိုက်ဆုံးအစားအစာကိုတောင် စွန့်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။

ဇန်နဝါရီ (၃၀) ရက်နေ့က တင်ထားတဲ့ You tube က Video တစ်ခုမှာ Han So Hee ကို `` မင်းအကြိုက်ဆုံး အစားအစာကဘာလဲ ‘’ လို့မေးမြန်းခဲ့ပြီး Han So Hee က `` ခေါက်ဆွဲခြောက် ‘’လို့ ဖြေခဲ့ပါတယ်။ Han So Hee ဟာ ခေါက်ဆွဲခြောက်ကို အလွန်ကြိုက်နှစ်သက်သူ ဖြစ်ပြီး ခဏခဏ စားတတ်တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် အခုတော့ Han So Hee ဟာ သူမရဲ့  အကြိုက်ဆုံးအစားအစာကို ဖြတ်ထားရတာ ဖြစ်ပါတယ်။အကြောင်းကတော့ ခေါက်ဆွဲခြောက်ဟာ အရမ်းဝိတ်တတ်လို့ ဖြစ်ပြီး သူမ မစားတာ ရက်(၁၀၀) ခန့် ရှိပြီ လို့လည်း သိရပါတယ်။

Han So Hee ဟာ လေယာဉ်နဲ့ ခရီးသွားတဲ့အခါမှာလည်း တခြားအစားအစာတွေထက် ခေါက်ဆွဲခြောက် ကိုရွေးချယ်တတ်တဲ့သူဖြစ်ပြီး ခေါက်ဆွဲခြောက်ကို ကြိုက်တဲ့ ပရိသတ်တွေကြားမှာ သူမရဲ့ Video ဟာ ရေပန်းစားနေတာ ဖြစ်ပါတယ်။

Photos: Credit

သတင်းအရင်းမြစ်: Kbizoom

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။