ခန္ဓာကိုယ် တည်ဆောက်မှု အပိုင်းမှာ အရမ်းကို တိတိကျကျလုပ်ဆောင်လေ့ရှိသူ ၊ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှု ကို အပြည့်အဝရရှိထားသူ ၊ အနုပညာနဲ့ပတ်သက်ရင် သရုပ်ဆောင်ပိုင်းမှာ ကျွမ်းကျင်တာကြောင့် ပရိသတ်တွေရဲ့ အချစ်ကို ပိုင်ဆိုင်ထားသူ ကတော့ အက်ရှင်သရုပ်ဆောင်မင်းသားကြီး Dwayne Johnson ပါပဲ။

ထိတ်လန့်စရာတစ်ခုဟာ Dwayne Johnson ရဲ့ မိခင် ထံမှာ ဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်ရပ်ကတော့ Dwayne Johnson ရဲ့ မိခင် ဟာ ကားမတော်တဆမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ၎င်း ကား မတော်တဆမှုကြောင့် ကားဟာ ကြေမွပျက်ဆီးခဲ့ရပြီး အတော်လေးကို စိတ်ပူစရာ ကိစ္စဖြစ်ခဲ့ရပါတယ်။ Dwayne Johnson ကတော့ သူ့အမေ ဘေးကင်းတာကိုပဲ ကျေးဇူးတင်ရပါပြီ လို့ပြောကြားခဲ့ပါတယ်။

သူ့မိခင် ကားမတော်တဆမှုဖြစ်တဲ့ ကိစ္စနဲ့ပတ်သက်လို့ “ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်...သူမ အဆင်ပြေပါတယ်။ မနေ့ညသန်းခေါင်မှာ ကားတိုက်မှု ဖြစ်ပွားခဲ့ချိန်မှာ ကောင်းကင်တမန်တွေက အမေ့ကို ကရုဏာသက်စွာ စောင့်ကြည့်နေခဲ့ပုံပါပဲ။ သူမသည် အသက်ရှင်ပြီး လွတ်မြောက်ခဲ့ပါတယ်။
ဒီအမျိုးသမီးဟာ အဆုတ်ကင်ဆာ၊ ခက်ခဲတဲ့အိမ်ထောင်ရေးမှာ လွတ်မြောက်ခဲ့ပြီး အရက်မူးပြီး ကားမောင်းသူနဲ့ တိုက်မိပြီး သေကြောင်းကြံဖို့ ကြိုးစားခဲ့ရာမှ လွတ်မြောက်ခဲ့သူတစ်ဦးပါ။ သူမဟာ ကောင်းကင်တမန်များ က ဖန်ဆင်းတဲ့ အံ့ဖွယ်ရာများကို အမှန်တကယ်ထင်ဟပ်စေတဲ့နည်းလမ်းများဖြင့် အသက်ရှင်ကျန်ရစ်သူဖြစ်ပါတယ်။ “ လို့ရေးသားခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။