Jung Sungi နဲ့ Song Hye Ko တို့ဟာ မကြာသေးခင်ကထွက်ရှိခဲ့ပြီး အောင်မြင်မှုကြီးကြီးမားမား ရရှိခဲ့တဲ့ The Glory မှာ လက်တွဲညီစွာ သရုပ်ဆောင်နိုင်ခဲ့ကြတဲ့ သူတွေပဲ ဖြစ်ပါတယ်။အခုအချိန်မှာတော့ Jung Sungi ဟာ Song Hye Kyo နဲ့ တွဲဖက်သရုပ်ဆောင်ရတဲ့ ခံစားချက်ကို ဖွင့်ဟခဲ့ပါတယ်။

Song Hye Kyo ဟာ နာမည်ကြီးမင်းသမီးဖြစ်တဲ့အလျောက် သရုပ်ဆောင်များစွာနဲ့ သရုပ်ဆောင်ခဲ့ဖူးပြီး ထိုသရုပ်ဆောင်တွေကလည်း Song Hye Kyo နဲ့ တွဲဖက်သရုပ်ဆောင်ခွင့်ရတဲ့ အတွက် ဝမ်းသာခဲ့ကြပါတယ်။ ဇန်နဝါရီ (၁) ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ tvN ရဲ့ 'You Quiz on the Block' မှာ မင်းသား Jung Sungil ဟာ ဧည့်သည်အဖြစ် ပါဝင်ခဲ့ပါတယ်။

ထိုအစီအစဉ်မှာ Jung Sungi ကို  Song Hye Kyo နဲ့ အတူပထမဆုံး အလုပ်တွဲလုပ်ရတဲ့ ခံစားချက်ကို မေးမြန်းခဲ့ရာ Jung Sungi က `` သူမက တကယ်ကို အံ့သြဖို့ကောင်းတဲ့သူတစ်ယောက်ပါ။ သူမဟာ ပေါ့ပေါ့ပါးပါးနေတတ်တဲ့ သူတစ်ယောက်ဖြစ်ပြီး ကင်မရာရှေ့မှာသာ ဇာတ်ရုပ်အတိုင်း နေတတ်တဲ့သူ ဖြစ်ပေမယ့် နောက်ကွယ်မှာတော့ လွတ်လွတ်လပ်လပ်နေတတ်ပြီး ခင်ဖို့ကောင်းတဲ့သူပါ ‘’လို့ ချီးကျူးခဲ့တာ ဖြစ်ပါတယ်။

Jung Sungi ဟာ The Glory Season (1)  ကြည့်ပြီးချိန်မှာလည်း  Song Hye Kyo ကို ချီးမွမ်းတဲ့ စာတစ်စောင်ပို့ခဲ့ဖူးတယ်လို့ လည်းသိရပါတယ်။လာမယ့် မတ်လ (၁၀) ရက်နေ့မှာ ပြသမယ့် The Glory Season (2) မှာလည်း သူတို့နှစ်ယောက်ဘယ်လိုအကောင်းဆုံးအပေးယူတည့်တည့် သရုပ်ဆောင်ထားလဲဆိုတာ ရင်ခုန်ဖို့ကောင်းလှပါတယ်။

Photos: Credit

သတင်းအရင်းမြစ်: Gstarlive

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။