“ Just give me a reason “ သီချင်းမှာ ပါဝင်သီဆိုခဲ့ပြီး ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ရရှိခဲ့သူ ၊ ဂျန်နီဖာလိုပက်ဇ် ရဲ့ အမျိုးသားဟောင်းဖြစ်ပြီး စော်ကြည်လွန်းတာကြောင့် နာမည်ကျော်ကြားသူ ၊ ပိုက်ဆံတအားချမ်းသာတာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုရရှိထားသူ ကတော့ အဆိုတော် Marc Anthony ပဲဖြစ်ပါတယ်။

အသက် (၅၄) နှစ်အရွယ်ရှိ Marc Anthony ဟာ သူနဲ့ အသက်(၃၁) နှစ်တိတိကွာဟပြီး အသက်(၂၃)နှစ်သာရှိတဲ့ Miss Universe ပြိုင်ပွဲဝင်ဟောင်း အမျိုးသမီး Nadia Ferreira နဲ့ လက်ထပ်ခဲ့ပြီဖြစ်ပါတယ်။ သူတို့ နှစ်ဦး ဟာ လွန်ခဲ့တဲ့ (၈) လ အကြာက စေ့စပ်ခဲ့ကြပြီး စေ့စပ်ပြီး (၈) လအကြာမှာ လက်ထပ်ပွဲကို အခုလို ခမ်းခမ်းနားနား စီစဉ် ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီအိမ်ထောင် ဟာ Marc အတွက်တော့ ငါးဆက်မြောက် အိမ်ထောင်ဖြစ်တယ်လို့လည်းသိရပါတယ်။

Marc Anthony ရဲ့ ဇနီး Nadia Ferreira က David ရဲ့ မင်္ဂလာဝတ်စုံအတွက်ကိုတော့ David Beckham ရဲ့ အမျိုးသမီး Victoria Beckham က ဒီဇိုင်းဆွဲထားဖြစ်တယ်လို့ သိရပါတယ်။ အသက် (၂၃) နှစ်အရွယ် Miss Universe ပြိုင်ပွဲဝင်ဟောင်းဖြစ်သူက Instagram မှာ သူမအနေနဲ့ Victoria Beckham ရဲ့ ဝတ်စုံကို ဝတ်ဆင်ရခြင်းကြောင့် ဝမ်းသာမိကြောင်း ပြောကြားခဲ့သလို အဆိုပါပွဲကိုလည်း David Beckham နဲ့ သားဖြစ်သူ Cruz တို့က တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။




"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။