Shigir Sculpture (သို့) Shigir Idol ဟာ နောက်ဆုံးရေခဲခေတ်ကုန်ဆုံးပြီး Mesolithic ခေတ်အတွင်း ပြုလုပ်ခဲ့တဲ့ ကမ္ဘာပေါ်မှာ ရှေးအကျဆုံး သစ်သားပန်းပုရုပ်တုဖြစ် ပါတယ်။ ဒီသစ်သားရုပ်ဟာ နှစ်ပေါင်း ၁၂၀၀၀ ခန့်သက်တမ်းရှိပြီဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၈၉၀ နှစ်က ရွာအနီးရှိ ယူရယ်လ်မြစ်အရှေ့ဘက်စောင်းတန်းက ၄ မီတာ (၁၃ ပေ) အနက်မှာ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

မှတ်တမ်းတွေအရဆိုရင် အနည်းဆုံး သက်တမ်း ၁၅၉ နှစ်လောက်ရှိတဲ့ သစ်ပင်ကို ခုတ်လှဲပြီးထွင်းထုထားတာ ဖြစ်ပါတယ်။ ထွင်းထုတဲ့ အချိန်မှာလည်း ကျောက်တုံးတွေကို အသုံးပြုခဲ့တာဖြစ်ပါတယ်။ ထိပ်ပိုင်းမှာတော့ မျက် ၊ နှာခေါင်း ၊ ပါးစပ်ပါတဲ့ ဦးခေါင်းပါရှိပေမယ့် ကိုယ်ထည်ကတော့ ပြားချပ်ချပ်နှင့် စတုဂံပုံဖြစ်နေပါတယ်။


ဂျီဩမေတြီပုံသဏ္ဍာန်များဟာ အထူးသဖြင့် မျက်နှာပြင်ကို ဇစ်ဇတ်လိုင်းများ ၊ လူ့မျက်နှာနှင့် လက်များကို သရုပ်ဖော်ခြင်းများ အပါအဝင် အလှဆင်ထားကြတာပါ။ ရင်ခေါင်းရဲ့ အဆင့်ရှိ အလျားလိုက်မျဥ်းများကတော့ နံရိုးများကို ကိုယ်စားပြုနိုင်ပြီး ပျက်တောက်နေတဲ့ မျဉ်းကြောင်းများဟာ ခန္ဓာကိုယ် ဖြစ်ဖော်ပြတယ်လို့ ဆိုပါတယ်။

ဘာကြောင့် ဒီလို့ ရုပ်တုတွေကို ထွင်းထုခဲ့သလဲဆိုတာ မသိရပေမယ့် လျှို့ဝှက်ဆန်းကြယ်မှု ရှိတာတော့ အမှန်ပါ။ လက်ရှိမှာတော့ အဆိုပါ သစ်သားရုပ်ထုဟာ ရုရှားနိုင်ငံ၊ Yekaterinburg ရှိ Sverdlovsk ဒေသဆိုင်ရာ Local Lore ပြတိုက်မှာ ပြသထားပါတယ်။
သတင်းအရင်းမြစ်: Source - Tareekh Kay Oraq تاریخ کے اوراق
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။