နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲဖြစ်တဲ့ ထိုင်းမင်းသား Mario ကတော့ အပြုံးချိုချိုလေးတွေနဲ့ စတိုင်စမတ်ကျတဲ့ မင်းသားချောတစ်ယောက်လည်း ဖြစ်ပါတယ်။ Mario ကတော့ ထိုင်းသရဲကား Pee Mak ဇာတ်ကားနဲ့ မြန်မာပရိသတ်တွေနဲ့ စတင်ရင်းနှီးခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာလည်း အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေပြီး မကြာသေးမီကမှ ထွက်ခဲ့တဲ့ Bad Romance ဇာတ်ကားကလဲ အရမ်းကို အောင်မြင်ခဲ့ပြီး ကြည့်ရှု့သူတွေပါ မျက်ရည်ကြခဲ့ရတဲ့ အဆွေးဇာတ်လမ်းလေးလဲ ဖြစ်ပါတယ်။ အနုပညာပိုင်းမှာလည်း အောင်မြင်သလို အခုဆိုရင် Mario က ကိုယ်ပိုင် Brand ထုတ်ကုန်တစ်ခုကို ထုတ်လိုက်ပြီပဲ ဖြစ်ပါတယ်။

စီးပွားရေးတစ်ခုအနေနဲ့ ရေမွှေးထုတ်လိုက်တာ ဖြစ်ပြီး Brand Name ကို သူ့ရဲ့နာမည် Mario Maurer ကို ပေးထားတာဖြစ်ပါတယ်။ သူ့ကိုချစ်တဲ့ ပရိသတ်တွေကတော့ သူ့ကို အနားမှာ ရှိသလိုခံစားစေချင်ရင် သူ့ ရေမွှေးကို သုံးလို့ရအောင် မျှဝေပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။