လွန်ခဲ့တဲ့ရက်ပိုင်းက မင်းသား ဆောင်းဂျွန်ကီဟာ သူရဲ့ ချစ်သူသစ် Katy နဲ့ လက်ထပ်လိုက်ပြီဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ ရင်သွေးလေးကိုပါ လွယ်ထားရပြီဖြစ်ကြောင်း ဝမ်းသာစွာ ပြောပြခဲ့ပါတယ်။

ဒီသတင်းကြောင့် ပရိသတ်တွေဟာ ဆောင်းဂျွန်ကီရဲ့ ဇနီးဟောင်းဖြစ်တဲ့ ဆောင်းဟေကိုဘက်ကို အာရုံစိုက်ခဲ့ကြပါတယ်။ဆောင်းဟေကို ဟာလည်း ဆောင်းဂျွန်ကီမင်္ဂလာသတင်းကြေညာပြီးချိန်မှ စပြီး လူမှုကွန်ရက်မှာ တိတ်ဆိတ်နေခဲ့တာပဲ ဖြစ်ပါတယ်။

အရင်က ဆောင်းဟေကိုဟာ လူမှုကွန်ရက်မှာ သူမရဲ့ နေ့စဉ်လုပ်ငန်းများ၊သူမရဲ့ပုံများကို ပရိသတ်တွေအတွက် အမြဲချပြလေ့ရှိပြီး သူမပို့စ်မတင်တဲ့ရက်ဟာ အလွန်နည်းပါးတာဖြစ်ပါတယ်။ဒါ့ကြောင့်ပရိသတ်တွေဟာ သူမအနေနဲ့ ပူဆွေးနေတယ်လို့ ပြောဆိုမှုတွေရှိနေကြတာ ဖြစ်ပါတယ်။

တစ်ချို့ပရိသတ်တွေက ဆောင်းဟေကို ဟာ သတိထားပြီးနေနေတယ်လို့ ဆိုနေကြပြီး သူမရဲ့ လုပ်ငန်းတွေမစသေးတဲ့အတွက် အခုလိုတိတ်ဆိတ်နေတာ ဖြစ်ပြီး မကြာခင်မှာ ပြန်ပြီး အရင်လို ပြန်ဖြစ်မှာလို့ ပြောဆိုမှုတွေရှိနေတာလည်း ဖြစ်ပါတယ်။

Photos: Credit
သတင်းအရင်းမြစ်: Kbizoom
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။