တောင်ကိုရီးယားရဲ့ နာမည်ကျော် မင်းသား Kim Bum ဟာ သူနဲ့ အချိန်အတော်အကြာခင်မင်လာတဲ့ Lee Min Ho ကို စနောက်ခဲ့ပါတယ်။ Kim Bum နဲ့ Lee Min Ho တို့ဟာ ခင်မင်တဲ့ ဆက်ဆံရေးရှိကြပြီး သူတို့နှစ်ယောက်ရဲ့ သူငယ်ချင်းဆက်ဆံရေးကို ပရိသတ်တွေက သဘောကျကြတာ ဖြစ်ပါတယ်။

Lee Min Ho နဲ့ Kim Bum တို့ဟာ နာမည်ကျော် ` Boys Over Flowers ' မှာ အတူလက်တွဲညီခဲ့ပြီး အောင်မြင်တဲ့ဇာတ်လမ်းဖြစ်အောင် အတူပုံဖော်ပေးနိုင်ခဲ့ကြတဲ့သူတွေပဲ ဖြစ်ပါတယ်။ထိုအချိန်မှစပြီး သူတို့နှစ်ယောက်ဟာ အခုအချိန်အထိ ခင်မင်ခဲ့ကြတာ ဖြစ်ပါတယ်။

မကြာသေးခင်က Lee Min Ho ဟာ လူမှုကွန်ယက်မှာ မျက်နှာပြောင်ထားတဲ့ ပုံလေးတွေကို ပရိသတ်တွေအတွက် ချပြခဲ့ပြီး ထို့ ပုံတွေရဲ့ အောက်မှာ Kim Bum က ချစ်ဖို့ကောင်းအောင် မှတ်ချက်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

Kim Bum က `` မင်းရဲ့ မျက်နှာကို ဒီလိုမျိုး သုံးနေမယ်ဆို ငါ့ကိုပေးလိုက်တော့ '' လို့ ရေးခဲ့တာ ဖြစ်ပြီး အရမ်းချောတဲ့မျက်နှာရှိရက်နဲ့ ပြောင်နေတဲ့ပုံလုပ်နေတဲ့ လူပျိုကြီး Lee Min Ho ကို အခုလိုစနောက်ခဲ့တာ ဖြစ်ပါတယ်။

Photos: Credit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။