တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးမင်းသမီးဖြစ်တဲ့ Lee Min Jung  ဟာ သူမရဲ့ သားလေးရဲ့ ဉာဏ်ရည်ထက်မြက်ပုံကို ပရိသတ်တွေကို ပြောပြခဲ့ပါတယ်။Lee Min Jung နဲ့ခင်ပွန်းဖြစ်သူ Lee Byung Hyun တို့ဟာ ပြီးပြည့်စုံတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားပြီး အများကအားကျတဲ့ ဇနီးမောင်နှံတွေ ဖြစ်ပါတယ်။

သူတို့နှစ်ယောက်ဟာ Jun Hoo ဆိုတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး သူ့သားလေးရဲ့ လိမ္မာပုံလေးတွေကို ပရိသတ်တွေအတွက် ခဏခဏချပြလေ့ရှိတာပဲ ဖြစ်ပါတယ်။

Lee Min Jung ဟာ ဇန်နဝါရီလ 31 ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ ENA ရဲ့ 'Oh Eunyoung Game' နောက်ဆုံးအပိုင်းမှာ ခင်ပွန်းနဲ့သားလေးရဲ့  ဟာသအဖြစ်အပျက်လေးတစ်ခု ပြောပြခဲ့ပါတယ်။သူမရဲ့သားလေးဟာ TV ကနေထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်တစ်ခုမှာ `` ဘဝဆိုတာ အသက် ( ၆၀) မှ စတယ်ဆိုတဲ့ခေါင်းစဉ် '' ကိုတွေ့ခဲ့ပြီး ချစ်ဖို့ကောင်းအောင် ပြောခဲ့တာ ဖြစ်ပါတယ်။

သူမရဲ့သားလေး Jung Hoo က အဖေဖြစ်သူ Lee Byung Hyun ကို `` ဒါဆို အဖေက အခုအထိမမွေးသေးဘူးနော် '' ဆိုပြီး ကလေးဉာဏ်နဲ့ ချစ်ဖို့ကောင်းအောင်ပြန်ပြောခဲ့တာ ဖြစ်ပါတယ်။ဆက်လက်ပြီး Lee Min Jung က Lee Byung Hyun ဟာ သားဖြစ်နဲ့အတူ ပုံမှန်အားကစားအတူ လုပ်ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါသေးတယ်။

Photos: Credit

သတင်းအရင်းမြစ်: GStarlive

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။