တောင်ကိုရီးယားမင်းသားကြီး Song Il-kook ဟာဆိုရင် ၂၀၀၆ ခုနှစ်မှာ နာမည်ကြီးအောင်မြင်ခဲ့တဲ့ ဂျူမုံဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေကြားမှာ လူသိများခဲ့တဲ့သူဖြစ်ပါတယ်။ Song Il-kook က ဇနီးဖြစ်သူနဲ့ ၂၀၀၈ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ချစ်စရာကောင်းတဲ့ အမွှာ သားလေး ၃ ယောက်ကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ Song Il-kook ရဲ့ အမွှာသားလေး ၃ ယောက်က ဒယ်ဟန် ၊ မင်ဂွတ် နဲ့ မန်ဆယ်တို့ ဖြစ်ကြပြီး ကလေးလေးတွေ အရမ်း ချစ်ဖို့ကောင်းတာကြောင့် ပရိသတ်တွေကြားမှာ ချစ်မဝ လေးတွေ အဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

Song Il-kook ရဲ့ အမွှာသားလေးတွေက လက်ရှိမှာ အသက် ၁၂ နှစ် ဝန်းကျင်ရှိနေကြပြီဖြစ်ပြီး အရပ်ရှည်ရှည် ၊ ရုပ်ရည်ချောချောနဲ့ အရွယ်ရောက်ကြီးပြင်းလာခဲ့ ပြီပဲ ဖြစ်ပါတယ်။ အခုတစ်ခေါက်မှာလည်း Song Il-kook ရဲ့ အမွှာသားလေး ၃ ယောက်ကို မန်နေဂျာဖြစ်သူက ၂၀၂၃ ခုနှစ်အတွက် ပထမဦးဆုံး အကြိမ်အဖြစ် ဓာတ်ပုံလေးတွေ တင်ပေးလာခဲ့ပါတယ်။





အမွှာ ၃ ယောက်ထဲမှာ မန်ဆယ်လေးက သင်္ချာစာမေးပွဲရဲ့ ပထမဆုကို ရရှိပိုင်ဆိုင်ခဲ့တယ်လို့လည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဉာဏ်ကောင်း ၊ ကျန်းမာတဲ့ ကလေးတွေအဖြစ် အရွယ်ရောက်ကြီးပြင်းလာကြပြီဖြစ်တဲ့ ဂျူမုံမင်းသားကြီး ၃ ယောက်ရဲ့ လက်ရှိ ပုံရိပ်လေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။