လွန်ခဲ့တဲ့ လေးနှစ်က အာဂျင်တီးနားနိုင်ငံ Patagonia ဒေသမှာ နေအိမ်အနောက်ရှိ သဲကန္တာရမြေကနေ မျိုးသုဉ်းပျောက်ကွယ်သွားတဲ့ ဒိုင်နိုဆောတစ်ကောင်ရဲ့ ရုပ်ကြွင်းကို အမျိုးသားတစ်ဦးက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အရင်ကလည်း အဲ့ဒီဒေသမှာ တိရစ္ဆာန်တွေရဲ့ ရုပ်ကြွင်းကို မကြာခဏရှာတွေ့တာတွေရှိခဲ့တာပါ။ ဒါပေမယ့် အခုရုပ်ကြွင်းကတော့ တွေ့ရှိခဲ့တဲ့ အထဲမှာ ဆိုးဆိုးရွားရွား ပျက်စီးနေခြင်းမရှိဘဲ အကောင်းတိုင်းရှိနေတာပါ။

Photo Credit – From Google

အဆိုပါ ဒိုင်နိုဆောဟာ အန္တာတိကတိုက်အပါအဝင် တိုက်ကြီးအားလုံးတွင် လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၀၀ ခန့်က နေထိုင်ခဲ့ကြတာပါ။ အထူးသဖြင့် တောင်ပိုင်းဒေသများမှာ ပေါများနေပုံရပါတယ်။ ရုပ်ကြွင်းကတော့ အရွယ်ရောက်ပြီးတဲ့ အနေအထားကို ရောက်ရှိနေတာကြောင့် အရှည်က ၁၂၂ ပေလောက်တောင်ရှိပါတယ်။

Photo Credit – From Google
Photo Credit – From Google

အရိုးအရွယ်အစားအရ ဒီကောင်ဟာ တန် ၇၀ အလေးချိန်ရှိပြီး ယနေ့ခေတ်အလေဆုံး အာဖရိကဆင်နှင့် နှိုင်းယှဉ်ရင်တော့ ၁၀ ကောင်ခန့်ဖြင့် ညီမျှတယ်လို့ သုတေသီများက ခန့်မှန်းထားပါတယ်။ လက်ရှိမှာတော့ အဆိုပါရုပ်ကြွင်းကို  တောင်အမေရိကရဲ့ တောင်ဘက်အစွန်ဆုံးရှိ တိရစ္ဆာန်မွေးမြူရေးခြံကနေ တူးဖော်ရရှိတဲ့ ရုပ်ကြွင်း ၈၄ ကောင် နှင့် အတူ မန်ဟက်တန်ရှိ အမေရိကန် သဘာဝသမိုင်းပြတိုက်မှာ ပြသထားပါတယ်။

Photo Credit – From Google

သတင်းအရင်းမြစ်: Source - us.pahilopahilonews

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။