"9-1-1: Lone Star" နှင့် "The Rookie" တွင်ပါဝင်ခဲ့တဲ့ ကလေးသရုပ်ဆောင်ဟောင်း Tyler Sanders သည် Los Angeles ရှိ သူ့ရဲ့နေအိမ်မှာ ကြာသပတေးနေ့က ကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ 18 နှစ်ပဲရှိသေးတဲ့ မင်းသားငယ်ရဲ့ မိသားစုဝင်များက သောကြာနေ့မှာ သူ ကွယ်လွန်ကြောင်း အတည်ပြုခဲ့ပါတယ်။"သေဆုံးရသည့် အကြောင်းရင်းကို မသိရသေးပါဘူး၊ စုံစမ်းစစ်ဆေးလျက်ရှိပါတယ်၊

ဒီထက်ပိုပြီး မှတ်ချက်မပေးနိုင်ပါဘူး” လို့ သူ့ရဲ့ အေးဂျင့် ကပြောကြားခဲ့ပါတယ်။ “Tyler ဟာ ထူးချွန်တဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ သူဟာ အံ့သြစရာကောင်းတဲ့ မိသားစုကနေ ဆင်းသက်လာပြီး ဒီအချိန်မှာ သူတို့ရဲ့ Privacy ကို လေးစားဖို့ တောင်းဆိုပါတယ်” လို့ သူက ဆက်ပြောပါတယ်။

Sanders ဟာ အသက် 10 နှစ်အရွယ်မှာ အနုပညာလုပ်ငန်းတွေကို စတင်လုပ်ခဲ့ပြီး “9-1-1: Lone Star”၊ The Rookie၊ “Fear the Walking Dead” နဲ့ Amazon ကဲ့သို့သော ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အဓိကစီးရီးဖြစ်တဲ့ "Just Add Magic: Mystery City" မှာ သရုပ်ဆောင်ခဲ့တဲ့ လူငယ် သရုပ်ဆောင် ဟာ Leo ဆိုတဲ့ သူ့ရဲ့ဇာတ်ကောင်အတွက်  အမည်စာရင်း တင်သွင်းခံခဲ့ရပါတယ်။

ပုံမှန်အားဖြင့် Sanders ဟာ သူရဲ့ Instagram မှာပုံတွေတင်လေ့ရှိပြီး သူ့ရဲ့နောက်ဆုံးပို့စ်ကို ကော်လိုရာဒိုပြည်နယ် Vail မှာ  Sanders ဟာ အပြာရောင်ဝတ်စုံနဲ့ မျက်မှန်တပ်ထားကာ ထက်မြက်တဲ့ ပုံပေါက်ပါတယ်။

Sanders သေဆုံးရခြင်း အကြောင်းအရင်းကို လက်ရှိတွင် မသိရသေးပဲ သေဆုံးမှုအတွက် နောက်ထပ်စုံစမ်းစစ်ဆေးမှုများလုပ်ပြီးမှ ဆရာဝန်က ဒီအမှုကို အကဲဖြတ်ပြီး သေဆုံးရတဲ့ အကြောင်းရင်းကို ဆုံးဖြတ်ပေးမှာ ဖြစ်တယ်လို့သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။