Bae Suzy ဆိုရင် မြန်မာအများစုသိကြမယ်ထင်ပါတယ်။ သူရဲ့ ရုပ်ရည်‌ နဲ့ နေပုံထိုင်ပုံဟာ စွဲဆောင်မှုရှိလွန်းတာကြောင့် တော်တော်များများရဲ့ အသည်းနှလုံးကို ဖမ်းစားထားနိုင်သူ လေးလဲဖြစ်ပါတယ်။ အသက် 27နှစ်သာရှိသေးတဲ့ မင်းသမီးကို တောင်ကိုရီးရဲ့ အချစ်ဦးလို့လည်းတင်စားကြပါတယ်။

ဓာတ်ပုံတွေမှာ Suzy ဟာ လှပတဲ့ နေဝင်ချိန်ကို နောက်ခံထားပြီး ကမ်းခြေမှာ ထိုင်နေတာကို တွေ့ရမှာပါ။Suzy ရဲ့ ချောမောပြီး၊ ချစ်စရာကောင်းကာ၊ စွဲဆောင်မှုရှိတဲ့ပုံတွေဟာ အခုဆိုရင် အားလုံးရဲ့အာရုံကိုဖမ်းယူထားပါတယ်။ "Nation's first love (နိုင်ငံရဲ့အချစ်ဦး)” လို့တင်စားရတဲ့ Bae Suzy ဟာ ပင်လယ်လေညှင်းမှာ ပျံလွင့်နေတဲ့ နက်မှောင်တဲ့ဆံနွယ်တွေနဲ့အတူ သူရဲ့အမှတ်တံဆိပ်ဖြစ်တဲ့ အပြစ်ကင်းစင်တဲ့ အလှတရားကို ပြသကာ ပရိသတ်များနှင့် အင်တာနက်အသုံးပြုသူများရဲ့ ချစ်ခင်မှုကို ရရှိခဲ့ပါတယ်။

တစ်ခုခုကို တွေးနေသလိုမျိုး သူမရဲ့ ချစ်စဖွယ်အမူအရာနဲ့ နေဝင်ချိန်ကို နောက်ခံထားပြီး ရိုက်ထားတဲ့ သာမန်ဓာတ်ပုံဖြစ်ပေမယ့်လည်း Suzy ရဲ့ လန်းဆန်းပြီး အပြစ်ကင်းတဲ့ ပုံရိပ်လေးတွေက မိတ်ကပ်မလိမ်း ထားတာတောင် တောက်ပနေပါတယ်။အထူးသဖြင့် သူမရဲ့ အပြစ်အနာအဆာကင်းတဲ့ အသွင်အပြင်နဲ့ ချစ်စရာကောင်းတဲ့ အမူအရာတွေကြောင့် ပရိသတ်တွေချစ်တာကိုခံနေရတာပါ။

ဆူဇီရဲ့ပို့စ်ကို အင်တာနက်အသုံးပြုသူတွေက “ဆူဇီဟာ နတ်ဘုရားမတစ်ပါးပါ။ သူမရဲ့ အပြစ်ကင်းစင်တဲ့ ပုံဟာဘယ်သူမှယှဥ်လို့မရပါဘူး၊ ဒါဟာ နေ့စဉ်ဘဝရဲ့ ဓာတ်ပုံတစ်ပုံမျှသာဖြစ်ပေမယ့်လည်း ပန်းချီကားနဲ့တူပါတယ်” လို့ဖော်ပြနေကြပါတယ်။တစ်ချိန်တည်းမှာပဲ Suzy ဟာ နှစ်ရှည်လများ ရပ်နားထားတဲ့ ဒရာမာရိုက်ကူးမှုတွေကို ပြန်လည်စတင်တော့မှာဖြစ်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။