ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့က လှေနစ်မြုပ်ခဲ့ရာမှာ ကလေးငယ် ၁၀ ဦးသေဆုံးခဲ့ပါလူအများအပြား ပျောက်ဆုံးခဲ့ပါတယ်။ သေဆုံးသွားတဲ့ ကလေးတွေဟာ အများစုမှာ အသက် ၇ နှစ်မှ ၁၄ နှစ်အတွင်းအရွယ်များဖြစ်ကြပြီး တန်ဒါ ရေကန်အနီး ပျော်ပွဲစားထွက်လာခဲ့ကြတာလို့ သိရပါတယ်။

Photo Credit - CNA

ရိုက်တာသတင်းရဲ့ ဖော်ပြချက်မှာ အဲ့လှေပေါ်မှာ ကျောင်းသားကျောင်းသူနှင့် ဆရာမများ အပါအဝင် စုစုပေါင်း ၅၀ ကျော်လောက် တင်ဆောင်ခဲ့တာ လို့ ဆိုပါတယ်။ တန်ဒါ ရေကန်ဟာ ဆည်ရေများခဲလုဆဲဆဲဖြစ်နေသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကိုအတားအဆီးဖြစ်စေခဲ့ပြီး ယနေ့မှာကျန်ရှိနေတဲ့ရုပ်အလောင်းများကို ယူနိုင်ခဲ့ကြောင်း သိရပါတယ်။

Photo Credit - CNA

နောက်ဆုံး ဆရာမတစ်ဦး နှင့် လှေမောင်းသူတစ်ဦးတို့ရဲ့ ရုပ်အလောင်းများကိုထပ်မံဆယ်ယူရရှိခဲ့ပြီးနောက် စုစုပေါင်းသေဆုံးသူ ၅၁ ဦးအထိရှိလာခဲ့ပြီဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ အသက်ရှင်ကျန်ရစ်သူ ငါးဦးကိုတော့ ကယ်ထားနိုင်ပြီး ကျောင်းသားဦးနှင့်ဆရာမတစ်ဦးတို့ ဖြစ်တယ်လို့ သိရပါတယ်။

Photo Credit - CNA

သတင်းအရင်းမြစ်: Source - AFP /CNA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။