ထိုင်းနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးချော Chompoo Araya ရဲ့ခင်ပွန်းနဲ့ ပတ်သက်တဲ့ ကောလဟာလတွေဟာ လူမှုကွန်ယက်တွေဖြစ်တဲ့ Instagram မှာရော၊ Facebook မှာရော Tik Tok မှာပါ ရေပန်းစားနေပါတယ်။

Chompoo ရဲ့ ခင်ပွန်း Nott Visrut ဟာ မင်းသမီး Tan Thanatcha နဲ့ တွဲနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ပြီးနောက်မှာတော့ Chompoo ရဲ့ လှုပ်ရှားမှုတွေကို လူအများက စိတ်ဝင်စားလာခဲ့ကြပါတယ်။

ဆိုရှယ်မီဒီယာပေါ်မှာ သတင်းတွေထွက်လာတာနဲ့ ပတ်သက်ပြီး ပရိသတ်တွေက ဖောက်ပြန်နေတဲ့သူရဲ့ နောက်ကြောင်းကို လိုက်ခဲ့ကြပါတော့တယ်။  တက်သစ်စ မင်းသမီးတစ်ယောက်ဖြစ်တဲ့ Tan Thanatcha က လက်ရှိမှာ အသက် ၂၄ နှစ်ရှိပြီဖြစ်ပြီး ချောမောလှပတဲ့သူလည်း ဖြစ်ပါတယ်။

 သူမကို 1998 ခုနှစ် အောက်တိုဘာလ 10 ရက်နေ့မှာ ထိုင်းနိုင်ငံ Angthong ခရိုင်မှာ မွေးဖွားခဲ့ပြီး မွေးချင်း 2 ယောက်ရှိကာ လက်ရှိမှာ မိသားစုနဲ့ နေထိုင်လျက်ရှိတယ်လို့ သိရပါတယ်။ ပညာရေးနဲ့ ပတ်သက်ရင်တော့ သူက ထိုင်းနိုင်ငံ Assumption University ကနေ Food Science နဲ့ Nutrition ဘွဲ့ကို ရရှိထားပြီး ပြင်သစ်နိုင်ငံ Le Cordon မှာ စားဖိုမှူးသင်တန်းလည်း တက်ခဲ့ပါသေးတယ်။

မင်းသမီး Chompoo ကတော့ သူမရဲ့ ခင်ပွန်း Nott နဲ့ လက်ထပ်ခဲ့တာ နှစ်တွေကြာပြီဖြစ်ပြီး လက်ရှိမှာ သားအမြွှာလေး ၂ ယောက်နဲ့ သမီးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။ Chompoo က လတ်တလောမှာ မျက်နှာသိပ်မကောင်းတာကြောင့် ပရိသတ်တွေက သူကို သနားပြီး အားပေးစကားတွေလည်းပြောခဲ့ကြပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး သူတို့ ၃ ယောက်လုံးက ထုတ်ဖော်ပြောပြထားခြင်းတော့ မရှိသေးပါဘူး။

သတင်းအရင်းမြစ်: Popular.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။