ဇန်န၀ါရီလ 30 ရက်နေ့က Song Joong Ki က သူရဲ့ဗြိတိန်ချစ်သူ မင်းသမီးဟောင်း Katy Louise Saunders နဲ့ လက်ထပ်တော့မှာ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ဒါ့အပြင် မင်းသားက သူ့ agency ကနေလည်း “သူ့ချစ်သူမှာလည်း ကိုယ်ဝန်ပါလွယ်ထားရကြောင်း ထုတ်ဖော်ပြီးတဲ့နောက်မှာတောါ့ တစ်ကမ္ဘာလုံးက ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ရရှိခဲ့ပါတယ်။”

သူတို့နှစ်ယောက်ရဲ့ သတင်းက ကလေးမမွေးသေးပေမယ့် ကိုရီးယားနိုင်ငံမှာရော နိုင်ငံတကာမှာ ဟိုးလေးတကျော်ဖြစ်နေပါပြီ။ ကလေးလေးက မိန်းကလေးပဲ ဖြစ်ဖြစ် ယောကျာ်းလေးပဲ ဖြစ်ဖြစ် Netizen တွေကတော့ သူ့ရဲ့ ပုံစံလေးတွေကို ခန်းမှန်းနေကြပါပြီ။ ဖေဖေမေမေရောက ချောမောလှပတာမို့ မိဘနှစ်ယောက်စလုံးရဲ့ အလှအမွေတွေကို ရလိမ့်မယ်လို့ မျှော်လင့်ခန့်မှန်းနေကြပါတယ်။

Song Joong Ki က ကိုရီးယားသွေးဖြစ်ပြီး Katy ကတော့ British နဲ့ Colombian သွေးဖြစ်တာကြောင့် မွေးလာမယ့် ကလေးလေးက ချောမောလှပတဲ့ သူလေးဖြစ်မယ်လို့ ပရိသတ်တွေက မျှော်လင့် စောင့်စားနေကြတာပါ။

Song Joong Ki ဟာ လွန်ခဲ့တဲ့တစ်လလောက်က သူ့ရဲ့ချစ်သူကို လူသိရှင်ကြားထုတ်ဖော်ပြသခဲ့ပါတယ်။ သူ့ရဲ့ချစ်သူ Katy Louise Saunders က 1984 ခုနှစ်တွင် မွေးဖွားခဲ့ပြီး ကျောင်းဆရာမ မဖြစ်လာမီ မင်းသမီးအဖြစ် လုပ်ကိုင်ခဲ့ဖူးကြောင်း သိရပါတယ်။

Katy Louise Saunders က “Vincenzo” အတွက် အီတလီစကားပြောတတ်ဖို့ Song Joong Ki ကို သင်ပေးရင်း သူနဲ့ အတူနေဖို့ ပြီးခဲ့တဲ့ နွေရာသီကမှ ကိုရီးယားကို ပြောင်းလာတာလို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ အခုဆို သူတို့စုံတွဲဟာ Itaewon ရှိ Song Joong Ki ရဲ့ ဘီလီယံဝမ်တန်အိမ်ကြီးမှာ အတူနေထိုင်နေကြပါတယ်။

သတင်းအရင်းမြစ်: KBIZoom

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။