တောင်ကိုရီးယားမင်းသား Song Joong Ki ဟာဆိုရင် မင်းသမီး Song Hye Kyo ကို ကွာရှင်းဖို့အတွက် အတင်း စေခိုင်းခဲ့တယ်လို့ သိရပါတယ်။ သူတို့ နှစ်ဉီးက ၂ နှစ်နီးပါးကြာတဲ့ အချိန်မှာ ကွာရှင်းခဲ့ကြတာဖြစ်ပြီး ကွာရှင်းဖို့အတွက် စတင်ခဲ့တဲ့သူကလည်း Song Joong Ki ဖြစ်လို့နေတယ်လို့ သိရပါတယ်။ Song Joong Ki နဲ့ Song Hye Kyo  တို့က လက်ထပ်ပြီး ၁၈ လ ကြာပြီးနောက်မှာ ကွာရှင်းခဲ့ကြတာကြောင့် လူပေါင်းများစွာကို အံ့ဩသွားစေခဲ့ပါတယ်။

Google

ကွာရှင်းပြီးနောက်မှာ Song Joong Ki နဲ့ Song Hye Kyo တို့က သူတို့ရဲ့ ကိုယ်ပိုင်ဘဝ တစ်ခုစီနဲ့ အသီးသီးနေခဲ့ကြပြီး တစ်ယောက်အကြောင်းကို တစ်ယောက်လုံးဝ မစပ်စုခဲ့ကြပါဘူး။ ဒါပေမယ့်လည်း Song Hye Kyo ကို ကွာရှင်းဖို့ တွန်းအားပေးခဲ့တယ်ဆိုတဲ့ Song Joong Ki ရဲ့ သတင်းတွေ ပေါက်ကြားခဲ့ပါတယ်။

Google

သူတို့ နှစ်ဦးကွာရှင်းခဲ့ရတဲ့ အဓိက အကြောင်းက Song Joong Ki ရဲ့ မိသားစုကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ Song Joong Ki က မိသားစုကို ချစ်တဲ့သူတစ်ယောက်ဖြစ်ပြီး မိဘတွေနဲ့ ညီအစ်ကိုတွေနဲ့လည်း အရမ်းခင်တဲ့သူလို့ သိရပါတယ်။

Google

Song Hye Kyo ဟာ ဆိုရင် အဖေမရှိတဲ့ ဘဝကို တစ်ယောက်တည်း ဖြတ်သန်းခဲ့ရတာဖြစ်လို့ သူမရဲ့ ဘဝက တော်တော်လေး သနားဖို့ကောင်းပါတယ်။ Song Hye Kyo က တစ်ယောက်တည်း နေရတဲ့ ဘဝနဲ့ နေသားကြနေတာကြောင့် ဆွေမျိုးတွေနဲ့လည်း ရင်းရင်းနှီးနှီးနေလေ့ မရှိပါဘူး။  ကွာရှင်းရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုက Song Hye Kyo က သူမ ယောကျာ်းဖြစ်သူရဲ့ မိသားစုနဲ့ အဆင်ပြေပြေ သင့်သင့် မြတ်မြတ် မနေတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

Google

Song Hye Kyo ကို Song Joong Ki က မိဘတွေနဲ့ ဆွေမျိုးတွေကို မလေးစားတဲ့သူဖြစ်ပြီး အိမ်ထောင်ပြုဖို့အတွက် အဆင်သင့် မဖြစ်သေးတဲ့သူလို့ ပြောခဲ့ဖူးတဲ့သူဖြစ်ပါတယ်။

Google

နှစ်ဦးသားရဲ့ အဆင်မပြေမှုတွေကြောင့် Song Hye Kyo နဲ့ Song Joong Ki တို့ ကွာရှင်းခဲ့ကြရတာဖြစ်တယ်လို့ သိရပြီး ကွာရှင်းဖို့ အရင်ဆုံး တွန်းအားပေးခဲ့တဲ့သူက Song Joong Ki ဖြစ်တယ်လို့ သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။