တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးမင်းသား ဆောင်းဂျွန်ကီဟာ မကြာသေးခင်ကပဲ သူ့ရဲ့ ချစ်သူ Katy နဲ့ လက်ထပ်ဖို့ အတည်ပြုခဲ့ပြီး  ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ထို့ပြင် ချစ်သူ Katy  ဟာ ကိုယ်ဝန် (၃) လလွယ်ထားခဲ့ရတာကြောင့် ပရိသတ်တွေအနေနဲ့ ပိုပြီး အံ့အားသင့်ခဲ့ကြပါတယ်။

ပရိသတ်တွေဟာ ဆောင်းဂျွန်ကီအနေနဲ့ ဘာလို့အခုလို အလောတကြီး ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာချခဲ့လဲ ဆိုတာ သိချင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဆောင်းဂျွန်ကီဟာ သူ့ရဲ့ ဒုတိယမျိုးဆက်ကို အရမ်းလိုချင်ခဲ့ပြီးပိုင်ဆိုင်ခွင့်ရလာတဲ့အခါ အပျော်ကြီးပျော်ပြီး အခုလိုဆုံးဖြတ်ချက်မျိုးချခဲ့တာ ဖြစ်ပါတယ်။

ဆောင်းဂျွန်ကီ က`` ကျွန်တော်တို့အတူတကွ ပျော်ရွှင်တဲ့ မိသားစုကို ဖန်တီးနိုင်ဖို့ မျှော်လင့်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ကတိတွေတည်ဖို့ ကျွန်တော်တို့ အများကြီး ကြိုးစားခဲ့ပြီး အဖိုးတန်စွာ အသက်ရှင်လာပါပြီ ၊ကျွန်တော်တို့ဟာ နက်နဲတဲ့ ယုံကြည်မှုနဲ့ ချစ်ခြင်းမေတ္တာကို အခြေခံတဲ့ ဇနီးမောင်နှံအဖြစ် ဘဝသစ်တစ်ခုကို စတင်ဖို့ အိမ်ထောင်ရေးကို မှတ်ပုံတင်ဖို့ စီစဉ်နေပါတယ်" လို့ ဝန်ခံခဲ့ပါတယ်။

ဆောင်းဂျွန်ကီဟာ (၂၀၁၇) ခုနှစ်တုန်းကလည်း  `` ကျွန်တော့်ဘဝမှာ အရေးကြီးဆုံးအရာက မိသားစုပါ၊ ဒါဟာ ကျွန်တော့်ဘဝရဲ့ အကြီးမားဆုံးလက်ဆောင်တစ်ခုပါပဲ၊ ကျွန်တော် သရုပ်ဆောင်အလုပ်ရဲ့ သဘောကြောင့် လုပ်ငန်းခွင်ဘဝနဲ့ မိသားစုရဲ့နေ့စဉ်ဘဝတွေကို ဟန်ချက်ညီအောင်ကြိုးစားပါတယ်၊နောက်ပိုင်းကျရင် ဖခင်ကောင်းနဲ့ ခင်ပွန်းကောင်းတစ်ယောက် ဖြစ်လာချင်ပါတယ်၊ ဒါကျွန်တော့်ရဲ့ ပန်းတိုင်ပါပဲ” လို့ပြောကြားခဲ့ဖူးတာဖြစ်ပါတယ်။

Photos: Credit

သတင်းအရင်းမြစ်: Kbizoom

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။