ပါကစ္စတန်ရှိ လူစည်ကားတဲ့ Peshawar ဗလီမှာ တနင်္လာနေ့နေ့လည်ပိုင်း ဝတ်ပြုဆုတောင်းနေချိန် အသေခံဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုကြောင့် ရဲအရာရှိ ၂၇ ဦးအပါအဝင် သေဆုံးသူ လူ ၇၂ ဦးထိမြင့်တက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၅၀ ကျော်ရရှိခဲ့တယ်လို့ သိရပါတယ်။


ဗုံးပေါက်ကွဲတဲ့ အချိန်ဟာ မွန်းလွဲ ၁ နာရီဖြစ်ပြီး ပေါက်ကွဲတဲ့ ဒဏ်ကြောင့် ဗလီဗဟိုခန်းမရဲ့ အမိုးပြိုကျခဲ့ပြီး အများပြည်သူများ ဝတ်ပြုဆုတောင်းနေတဲ့အပေါ် ပိမိသွားခဲ့တာလို့ ဆိုပါတယ်။ ဗုံးပေါက်ကွဲပြီးချိန်မှာတော့ လူ ၅၉ ယောက်က နေရာမှာတင် သေဆုံးခဲ့ပြီး ပြင်းထန်ဒဏ်ရာရရှိသူတွေအနက် နောက်ပိုင်း သေဆုံးသူ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။


ဒီတိုက်ခိုက်မှုဟာ ရဲတွေကို အဓိကထားခဲ့တာဖြစ်ပြီး ပါကစ္စတန် တာလီဘန်အဖွဲ့ (TTP) အပါအဝင် ဆွန်နီ မူဆလင် အစ္စလာမ္မစ် စစ်သွေးကြွများက လုပ်ဆောင်ခဲ့တာလို့လည်း သတင်းတွေက ဖော်ပြထားပါတယ်။ အသေခံဗုံးခွဲသမားဟာ ရှေ့တန်းမှာ ရပ်နေတာကြောင့် Zuhr ဆုတောင်းပွဲအတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးတာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။

သတင်းအရင်းမြစ်: Source - thenews
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။