တောင်ကိုရီးယားမင်းသမီး Park Eun Bin ဟာဆိုရင် လှပချောမောလွန်းပြီး ပြိုင်ဘက်ကင်းလွန်းတဲ့ သူမရဲ့ အလှတရားကို ပရိသတ်တွေကို ပြသခဲ့ပါတယ်။ ဇန်နဝါရီလ ၂၉ ရက်နေ့မှာ Park Eun Bin က နာမည်ကြီး ကာတွန်း ဇာတ်ကောင်ဖြစ်တဲ့ Elsa လိုမျိုး ဂါဝန်လေးကို ဝတ်ဆင်ကာ အမေရိကားမှာရှိတဲ့ Critics Choice Awards ဆုပေးပွဲကို တက်ရောက်ခဲ့ပါတယ်။ Park Eun Bin ရဲ့ ပြစ်မျိုးမှဲ့မထင် လှပမှုလေးက ပရိသတ်တွေအားလုံးကို အံ့အားသင်သွားစေခဲ့ပြီး တကယ့် နတ်ဘုရားမ တစ်ယောက်လိုမျိုး ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။


ထွက်ရှိလာတဲ့ဓာတ်ပုံထဲမှာ Park Eun Bin က Frozen ကာတွန်းဇာတ်ကားထဲက Elsa ဇာတ်ကောင်လိုမျိုး အပြာရောင် ဂါဝန်လှလှလေးကို ဝတ်ဆင်ထားတာဖြစ်ပါတယ်။ Extraordinary Attorney Woo ထဲက Park Eun Bin က အခုလိုမျိုး ကာကွန်းဇာတ်ကောင်ပုံစံလေးနဲ့လည်း အတိုင်းထက် အလွန် ချစ်ဖို့ကောင်းလွန်းနေတာကြောင့် ပရိသတ်တွေက များစွာ ချစ်ခင်နေကြပါတယ်။ Critics Choice Awards ဆုပေးပွဲမှာ Park Eun Bin က Best Foreign Language Series စံကာတင်စာရင်းဝင်ခဲ့ပါတယ်။ အဆိုပါ ဆုပေးပွဲကို Park Eun Bin နဲ့ ဒါရိုက်တာ Yoo In Sik တို့လည်း တက်ရောက်ခဲ့ပေမယ့် ကံဆိုးစွာနဲ့ ဆုမရရှိခဲ့ပါဘူး။


တောင်ကိုရီးယားမင်းသမီး Park Eun Bin က လက်ရှိမှာ အသက် ၃၀ နှစ် ရှိနေပြီဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံမှာ ထိပ်တန်းမင်းသမီး တစ်ယောက်အနေနဲ့ ရပ်တည်နေတဲ့သူဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။