အိန္ဒိယနိုင်ငံ အလယ်ပိုင်းမှာ လေတပ်က လေယာဉ်နှစ်စင်း လေထဲမှာ တိုက်မိပြီး လေယာဉ်မှူး တစ်ဦး သေဆုံးသွားတယ်လို့ အရာရှိတွေက ပြောကြားပါတယ်။ အဲ့ဒီ လေယာဉ်တွေဟာ စနေနေ့က ပုံမှန် လေ့ကျင့်ရေးမစ်ရှင်ပြုလုပ်ချိန်မှာ တိုက်မိခဲ့တာ ဖြစ်တယ်လို့ အိန္ဒိယ လေတပ်က ထုတ်ပြန်ပြောကြားခဲ့တာပါ။


"ဒီနေ့မနက်က Gwalior အနီးမှာ IAF တိုက်လေယာဉ်နှစ်စင်း မတော်တဆမှု ဖြစ်ပွားခဲ့ပါတယ်။ လေယာဉ်ဟာ ပုံမှန် ပျံသန်းရေး လေ့ကျင့်ရေးမစ်ရှင်ပါပဲ" ဟု အိန္ဒိယလေတပ် (IAF) မှ တွစ်တာတွင် ရေးသားခဲ့ပါတယ်။ အဆိုပါ မတောတဆမှုမှာ လေယာဉ်မှူး သုံးဦးအနက် တစ်ဦးမှာ ပြင်းထန်တဲ့ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရပါတယ်။


အဆိုပါ လေယာဉ် နှစ်စင်းဟာ ရုရှားလုပ် Sukhoi Su-30 အမျိုးအစား နှင့် ပြင်သစ်လုပ် Mirage 2000 တို့ ဖြစ်ပါတယ်။ လေယာဉ်နှစ်စင်းစလုံး ပျက်ကျခဲ့ရာမှ အရှေ့ဘက် မိုင် ၃၀ ခန့်အကွာ Gwalior လေတပ်စခန်းမှ ဆင်းသက်ခဲ့ကြောင်း BBC သတင်းမှာ ဖော်ပြထားပါတယ်။ ပါဒါဂါးတောထဲမှာ အသက်ရှင်လျက်နဲ့ လေယာဉ်မှူးတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး လေယာဉ်တစ်စင်းကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ လေယာဉ်နှစ်စင်းတိုက်မိပြီး ပျက်ကျချိန်မှာတော့ အနီးအနားမှာ အရပ်သားတွေမရှိတာကြောင့် ထိခိုက်မှုတွေမရှိခဲ့ဘူးလို့ ဆိုပါတယ်။

သတင်းအရင်းမြစ်: Source - foxnews
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။