Myanmarload ပရိသတ်တွေ စောင့်မျှော်နေတဲ့ မြန်မာ့ဂုဏ်ဆောင် ကချင်သားကြီး အောင်လန်အန်ဆန်ရဲ့ ပွဲစဉ်ကို မနက်ဖြန် ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ကြည့်ရှုရတော့မှာ ဖြစ်ပါတယ်။ အောင်လအန်ဆန်ဟာ ယင်းပြိုင်ပွဲမှာ Catchweight စိန်ခေါ်ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဘရာဇီးနိုင်ငံသား ဂါဗာအို နှင့် ယှဉ်ပြိုင်ထိုးသတ်မှာဖြစ်ပါတယ်။



ဒီပွဲမှာ ဘရာဇီးသား ဂါဗာအိုက အောင်လအန်ဆန်ကို ချုပ်ကွက်နဲ့ အနိုင်ယူပြမယ်လို့ ကြွေးကြော်ထားတာကြောင့် အပြိုင်အဆိုင်ထိုးသတ်မယ့် ပွဲစဉ်ဖြစ်လာမှာတော့ သေချာပါတယ်။ တကယ်လို့ ဒီပွဲစဉ်ဟာ အောင်လအန်ဆန် အနိုင်ရပါက မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ပြန်လည်စိန်ခေါ်နိုင်ရန် အခွင့်အရေးရလာဖွယ်ရှိနေပါတယ်။


အောင်လအန်ဆန် နှင့် ဂါဗာအိုက တို့ တွဲဆိုင်းကတော့ မြန်မာစံတော်ချိန် မနက် ၈ နာရီ ခွဲလောက်မှာ ထိုးသတ်ဖို့များပါတယ်။ One Fight Night 6 ပြိုင်ပွဲမှာ တွဲဆိုင်း ၉ ပွဲ ပါဝင်မည်ဖြစ်ပြီး အဓိကတွဲဆိုင်းအဖြစ် ကစ်ဘောင် ဆင်ဖယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် ထိုင်းနိုင်ငံသား ဆူပါဘွန်နှင့် အဇာဘိုင်ဂျန်/ ဘီလာရုစ်နိုင်ငံသား အယ်လာ ဇော့ဗ်တို့ ယှဉ်ပြိုင်ထိုးသတ် သွားမှာ ဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။