ခုဖော်ပြနယ့် ပိုးကောင်ရဲ့ နာမည်ကတော့ Bombardier Beetle ြဖစ်ပါတယ်။ သူတို့ဟာ ဩစတေးလျမှာ မျိုးစိတ်ပေါင်း 2500 ခန့်ရှိပြီး မြေပိုးစားမျိုးစိတ် (Carabidae) ကနေဆင်းသက်လာတာဖြစ်ပါတယ်။ Bombardier Beetle ဟာ အနှောက်အယှက်မရှိတဲ့ မြစ်ကမ်းပါးများနှင့် ရေလွှမ်းလွင်ပြင်များမှာ နေထိုင်ပါတယ်။ သူတို့ကို ဩစတေးလျ အရှေ့ပိုင်းမှာ တွေ့ရှိရပါတယ်။

Bombardier Beetles အများစုဟာ အသားစားကြပြီး မြေပြင် သို့မဟုတ် သစ်ပင်များမှာ အမဲလိုက်ကြပါတယ်။ သားလောင်းဟာ အခြားအင်းဆက်များကို စားသုံးကြပါတယ်။ သူ့ကို Bombardier ပိုးကောင်လို့ နာမည်ပေးထားရတာ အကြောင်းမဲ့တော့မဟုတ်ပါဘူး။ သူကဗုံးတစ်လုံးလို ပေါက်ကွဲနိုင်စွမ်းရှိပါတယ်။ သူကိုယ်တိုင်တော့ မသေပါဘူး။

ခြိမ်းခြောက်ခံရတဲ့အခါမှာ Bombardier Beetle ဟာ ဓာတုပစ္စည်းနှစ်ခုကို ရောနှောဖို့ သူ့ရဲ့နောက်ဘက်ရှိ အထူးဂလင်းတစ်ခုကို အသုံးပြုကာ ကျယ်လောင်တဲ့ ပေါက်ကွဲသံနှင့်အတူ ပေါက်ကွဲထွက်လာပါတယ်။ ဆူညံသံတစ်ခုတည်းဟာ များသောအားဖြင့် သူတို့ကို အမဲလိုက်တဲ့အကောင်ကို လန့်စေဖို့လုံလောက်ပြီး ထင်ထားသလို မလန့်ဘူးဆိုရင်တော့ ပိုးကောင်ရဲ့ဖင်ကနေ ဓာတုပစ္စည်းများပါလာတဲ့ ရေနွေးငွေ့နှင့် ရေမွှားများထွက်လာမှာဖြစ်တဲ့ လှည့်ကွက်တစ်ခုတော့ ရှိပါသေးတယ်။

ဒီလို ပတ်ထုတ်လိုက်တာဟာ နဂါးမီးမှုတ်တာနဲ့ နည်းနည်းတော့ ဆင်ပါတယ်။ မီးမထွက်တာက လွဲလို့ပေါ့။ ပိုးကောင်ဟာ အထူးပြုအားဖြည့် ပေါက်ကွဲခန်းတစ်ခုအဖြစ် လုပ်ဆောင်တဲ့ ဂလင်းအတွင်း 100°C ထက်ပိုတဲ့ အပူချိန်ကို ထုတ်ပေးနိုင်ပြီး လေးမိနစ်အတွင်း ပေါက်ကွဲမှု 80 ကြိမ်အထိ ပြုလုပ်နိုင်ပါတယ်။

သတင်းအရင်းမြစ်: australian museum

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။