ကျွန်တော်သိထားတဲ့ သမုဒုရာအကြောင်းက ၅ ရာခိုင်လောက်ပဲ ရှိပါတယ်။ တကယ်တော့  သမုဒုရာဆိုတာက ကျွန်တော်တို့တွေ မဖြေရှင်းနိုင်သေးတဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေနှင့် ပြည့်နှက်နေတဲ့ နေရာတစ်ခုပါ။ အဲ့ဒီထဲမှာ နေ့စဉ်အမျှ မျိုးစိတ်အသစ်တွေလည်း များစွာတွေ့ရပြီး ရှာဖွေတွေ့ရှိခဲ့တဲ့  မျိုးစိတ်များကလည်း မယုံနိုင်စရာ ဖြစ်ခဲ့ရပါတယ်။ အဲ့ဒီထဲမှာ ထူးခြားတဲ့ မျိုးစိတ်တစ်ခုကတော့ ပင်လယ်ကြယ်လို့ လူသိများတဲ့ ကြယ်ငါးပါ။

Photo Credit – From Google

ကြယ်ငါးက သမုဒ္ဒရာရဲ့ အလှဆုံးသတ္တဝါများထဲက တစ်ခုဖြစ်ပါတယ်။ သုတေသနရဲ့ ရှာဖွေခဲ့တဲ့ မှတ်တမ်းများအရ ကြယ်ငါးက မျိုးစိတ်ပေါင်း ၂၀၀၀ ကျော်လောက်ရှိကြပါတယ်။ ဒါကြောင့်  သူတို့ကို အရောင်အသွေး၊ အရွယ်အစားနှင့် ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် တွေ့ရတာ ဖြစ်ပါတယ်။ ကြယ်ငါးတွေရဲ့ အံ့အားသင့်စရာတွေကတော့ သူတို့ဟာ ပြန်လည်ထူထောင်နိုင်တဲ့စွမ်းရည်ရှိခြင်း ၊ သွေးမရှိ ခြင်း နှင့် ဦးနှောက်မရှိခြင်းတို့ ဖြစ်ပါတယ်။

Photo Credit – From Google

(၁) ပြန်လည်ထူထောင်နိုင်ခြင်း

ကြယ်ငါးတွေဟာ သူတို့ရဲ့ ခြေလက်တွေ ဆုံးရှုံးသွားတဲ့အခါမှာ ပြန်လည်ပေါက်ဖွားနိုင်တဲ့ စွမ်းရည်ရှိကြပါတယ်။ ဒါပေမယ့် အဲ့သလို ပြန်လည်ပေါက်ဖွားတဲ့ လုပ်ငန်းစဉ်ဟာ နှေးကွေးပြီး ခြေလက်တွေ အပြည့်အဝပြန်လည်ရှင်သန်ဖို့ဆိုရင် ကြယ်ငါးတစ်ကောင်အတွက် နှစ်နဲ့ချီကြာမြင့်ပါတယ်။

Photo Credit – From Google

(၂) သွေးမရှိခြင်း

ကြယ်ငါးတွေဟာ သွေးလည်ပတ်မှု လုံးဝမရှိတဲ့ သတ္တဝါတွေထဲက တစ်ခုဖြစ်ပါတယ်။ သူတို့ရှင်သန်ဖို့အတွက်  ပင်လယ်ရေငန်ကို အသုံးပြုကြပါတယ်။ အရှင်းဆုံးပြောရရင် အဲ့ဒီပင်လယ်ရေငန်ဟာ ကြယ်ငါးတစ်ကောင်လိုအပ်တဲ့ အာဟာရကို ထောက်ပံ့ပေးပါတယ်။ ဒါကြောင့်  ရှုပ်ထွေးလွန်းတဲ့ သွေးလယ်ပတ်မှုစနစ်ကိုတော့ သူတို့အတွက် လုံးဝမလိုအပ်တာပါ။

Photo Credit – From Google

(၃) ဦးနှောက်မရှိခြင်း

ကြယ်ငါးတွေက တကယ်တော့ ဦးနှောက်မရှိကြတဲ့ ရေနေသတ္တဝါပါ။ ဒါပေမယ့် သူတို့မှာ ဆုံးဖြတ်ချက်ချနိုင်တဲ့ ရှုပ်ထွေးတဲ့ အာရုံကြောစနစ်တော့ရှိပါတယ်။ အဲ့ဒီ အာရုံကြောစနစ်ကတော့ ပါးစပ်တစ်ဝိုက်အနားမှာ ရှိတာ ဖြစ်ပါတယ်။

Photo Credit – From Google

သတင်းအရင်းမြစ်: Source - passportocean

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။