Exocoetidae လို့အမည်ရတဲ့ လေပေါ်ပျံသန်းနိုင်တဲ့ ငါးပျံလေးတွေကို သင်မြင်တွေ့ဖူးကြမယ်လို့ ထင်ပါတယ်။ ဒီငါးလေးတွေဟာ ကမ္ဘာတစ်ဝှမ်းရှိ ပူနွေးတဲ့ သမုဒ္ဒရာရေပြင်များမှာ နေထိုင်ကြပြီး မျိုးစိတ်ပေါင်း ၇၀ လောက်ရှိကြပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက ချောမွေ့နေပြီး လေထဲမှာ ပျံသန်းနိုင်တဲ့ အတောင်ပံသဏ္ဍာန်တူ သေးငယ်တဲ့ ရေယက်များပါရှိကြပါတယ်။

Photo Credit – From Google
Photo Credit – From Google

အချို့ငါးပျံတွေမှာတော့ တင်ပါးဆုံမှာ အတောင်များပါရှိကြပြီး သူတို့ကို လေးတောင်ပျံငါးလို့ လူသိများကြပါတယ်။ အဆိုပါ ငါးတစ်ကောင်ဟာ ရေထဲကနေ  ၄ ပေ (၁.၂ မီတာ) အထိ ခုန်နိုင်ပြီး လေထဲမှာ ၁၆၀ ပေ (၅၀ မီတာ) အထိ ပုံမှန်ပျံဝဲနိုင်ကြပေမယ့်လည်း တကယ်တော့ သူတို့ဟာ  အမြင့်ပေ ၁၂၀၀  (၃၆၆ မီတာ) ကျော်ကို ဖြတ်ကျော်ဖို့ မြန်နှုန်း ၄၀ မိုင် (၆၄  ကီလိုမီတာ) ဖြင့် ဖြတ်သန်းနိုင်ကြပါတယ်။

Photo Credit – From Google
Photo Credit – From Google

 ဒီလိုပျံသန်းခြင်းကို သားကောင်များရဲ့ ခြိမ်းခြောက်မှုကို ခံရတဲ့ အခါတွေမှာ လွတ်မြောက်ဖို့အတွက်  ရေထဲကနေ ခုန်တက်ပြီး အတောင်များဖြန်ကာ လေထဲမှာ ပျံဝဲသွားကြတာ ဖြစ်ပါတယ်။ ဒါဟာ ငါးတစ်ကောင်အတွက်တော့ တော်တော်ကို အထင်ကြီးစရာကောင်းတယ်လို့ ပြောလို့ရပါတယ်။

Photo Credit – From Google
Photo Credit – From Google

သတင်းအရင်းမြစ်: Source - nhm.ac.uk

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။