သဲကန္တာရမှာ နေထိုင်တဲ့ Thistle Down ကတ္တီပါပုရွက်ဆိတ်ဟာ သူ့ရဲ့ချစ်စဖွယ် ပျော့ပျောင်းတဲ့ အသွင်အပြင်ထက် ပိုမိုနာကျင်ပြီး ကိုက်ခဲမှုကို ပေးဆောင်နိုင်မယ့် ရုပ်ဖျက်ထားတဲ့ နကျယ်ကောင်တွေပါပဲ။ ပုရွက်ဆိတ်တစ်ကောင်လို ပုံပန်းသဏ္ဍာန်နဲ့ လမ်းလျှောက်နေပေမယ့် ဒီအမွှေးအမျှင်လေးတွေနဲ့ ကောင်ကတော့ နကျယ်ကောင်ပါပဲ။ ဆံနွယ်တွေရဲ့အရောင်က အဖြူရောင်ကနေ အဝါဖျော့အထိ ကွဲပြားနိုင်ပေမယ့် ဒီနကျယ်ကောင်ရဲ့ ကိုက်ခဲမှုက ဘယ်လိုအရောင်ပဲဖြစ်နေပါစေ အမြဲတမ်း နာကျင်ပါတယ်။
ဒီမျိုးစိတ်ဟာ သားရဲကောင်များကို ရှောင်ရှားဖို့အတွက် အဝါရောင် အမှုန်အမွှားရှိတဲ့ အစေ့များကို တုပပြီး သူ့ရဲ့အနီးတစ်ဝိုက်ရှိ အခြားအပျက်အစီးများနှင့် ရောနှောနေတတ်ပါတယ်။ ဆိုလိုတာကတော့ လူတွေအနေနဲ့ သဲကန္တာရခရီးမှာ ကြုံရာကျပန်း ကောက်ခြင်းကို သတိပြုသင့်ပါတယ်။ Thistle Down ကတ္တီပါပုရွက်ဆိတ်ရဲ့ သားလောင်းများဟာ နကျယ်ကောင်မျိုးစိတ်များစွာနှင့်တူတဲ့ ကပ်ပါးကောင်ဖြစ်ပါတယ်။
သူတို့ဟာ သဲနကျယ်ကောင်ရဲ့ သားလောင်းများကို စားကြပါတယ်။ အမများဟာ သဲနကျယ်ကောင်ရဲ့ အသိုက်မှာ ဥများကို ပစ်ချကြပြီး ကတ္တီပါပုရွက်ဆိတ်သားလောင်းများ ပေါက်ရောက်တဲ့အခါ သဲနကျယ်ကောင်သားလောင်းကို စားသုံးကြပါတယ်။ အရွယ်ရောက်ပြီးတဲ့ ပုရွက်ဆိတ်တွေကတော့ ဝတ်ရည်သောက်ပါတယ်။ အထီးများကို ပန်းများပေါ်မှာ တွေ့နိုင်ပြီး အတောင်များရှိပါတယ်။ အမများဟာ တောင်ပံမရှိဘဲ ပျံသန်းဖို့ မဖြစ်နိုင်တာကြောင့် ကာကွယ်ဖို့အတွက် သူတို့ရဲ့ ဖင်ကအချွန်ကို အသုံးပြုပါတယ်။
သတင်းအရင်းမြစ်: insect identification
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။