Potoo (genus Nyctibius) ဟာ အမေရိကန်အပူပိုင်းဒေသရှိ တစ်ကောင်တည်းနေတဲ့ငှက် ခုနစ်မျိုးထဲက တစ်မျိုးဖြစ်ပါတယ်။ သူ့ရဲ့အမည်ဟာ မျိုးစိတ်အချို့မှ ဖန်တီးထားတဲ့ “po-TOO” အော်သံကနေ ယူထားတာပါ။ မီးခိုးရောင်၊ အနက်ရောင်နှင့် အညိုရောင် အမွေးအတောင်များရဲ့ ရှုပ်ထွေးတဲ့ပုံစံများဟာ သစ်ပင်အခေါက်နှင့် ဆင်တူပါတယ်။ နေ့ခင်းဘက်မှာ ငှက်များဟာ ဒေါင်လိုက် ကပ်လျက် အိပ်နေကြပြီး ဒီလိုအခြေအနေမျိုးမှာ သူတို့ဟာ သစ်ကိုင်လား သူတို့လားဆိုတာကို ခွဲခြားလို့မရပါဘူး။

သူတို့ဟာ နေဝင်ရီတရောအချိန်မှာ နိုးထလာကာ အမှောင်ထဲမှာ ပိုးဖလံများနှင့် အခြားအင်းဆက်များ ပျံသန်းနေတာကို တွေ့နိုင်တဲ့ ကြီးမားတဲ့မျက်လုံးများရှိပါတယ်။ Potoos များမှာ သူတို့ဟာ မြန်မြန်နဲ့ တိုတို အသံတိတ်ပျံသန်းမှုအတွင်း သားကောင်ဖမ်းဖို့အတွက် ကျယ်လောင်လှတဲ့ ပါးစပ်များရှိပါတယ်။ Potoos အတွဲများဟာ တစ်ကောင်နဲ့တစ်ကောင် မီတာအနည်းငယ်အတွင်း ကျက်စားနိုင်ပေမယ့်လည်း သူတိုဟာ ပုံမှန်အရ တစ်ကောင်တည်းနေတဲ့ သတ္တဝါတွေဖြစ်ပါတယ်။

အသိုက်ဆောက်မယ့်အစား သူတို့ဟာ ဥတစ်လုံးတည်းနှင့် လိုက်လျောညီထွေဖြစ်စေဖို့အတွက် သင့်လျော်မယ့် အရွယ်အစားရှိ အကိုင်းအခက် သို့မဟုတ် သစ်ကိုင်းကို ရှာဖွေကြပါတယ်။ သူတို့ရဲ့ ဥဟာ အညိုရောင်နှင့် မီးခိုးရောင်ရှိကာ ဖြူဖွေးနေပြီး 30-35 ရက်ထိ ဥပေါက်ဖို့ ကြာမြင့်ပါတယ်။ မျိုးစိတ်အများစုရဲ့ သဘာဝသမိုင်းကြောင်းကို မသိနိုင်တာကြောင့် သူတို့ဟာ လေ့လာဖို့ အလွန်ခက်ခဲပါတယ်။ Potoos ငှက်ရဲ့ အော်သံဟာ ညအချိန်မှာ အပူပိုင်းသစ်တောများရဲ့ ထူးခြားတဲ့ အသံများဖြစ်ပါတယ်။

သတင်းအရင်းမြစ်: Britannica

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။