ပိုလန်နိုင်ငံ၊ Pień မြို့ရှိ ၁၇ ရာစုသင်္ချိုင်းမှာ ရှေးဟောင်းသုတေသနပညာရှင်များက “အမျိုးသမီးသွေးစုပ်ဖုတ်ကောင်” လို့ ယူဆရတဲ့ ရှေးဟောင်း ရုပ်ကြွင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဆိုပါ ရုပ်ကြွင်းတွေကို ပရော်ဖက်ဆာ Dariusz Poliński နှင့် Nicolaus Copernicus University မှ သုတေသီအဖွဲ့တစ်ဖွဲ့က စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

Photo Credit – From Google

ထူးခြားတာကတော့ ဒီအမျိုးသမီး ရုပ်ကြွင်းရဲ့ ခြေချောင်းများမှာ သော့ခလောက်များပါရှိတာဖြစ်လို့ သူမသေဆုံးချိန်မှာ သွေးစုပ်ဖုတ်ကောင်တစ်ဦးလို့ သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ပြီးတော့ ဦးခေါင်းခွံမှာလည်း ဆွေးမြည့်နေတဲ့ ပိုးသားဦးထုပ်ဆောင်းထားတာကိုတွေ့ရပြီး ဒါဟာ လူနေမှုအဆင့်အတန်း မြင့်မားတဲ့ သူထဲက ဖြစ်ကြောင်း သက်သေးပြနေတာပါ။

Photo Credit – From Google

Smithsonian မဂ္ဂဇင်းမှာ ဖော်ပြတာကတော့ ၁၁ ရာစုက အရှေ့ဥရောပတစ်ခွင်မှာ နေထိုင်သူများဟာ သေဆုံးသွားသူတွေကို မြှုပ်နှံတဲ့ အခါမှာ ရုပ်အလောင်းတွေကို သော့များခတ်ပြီး မြေမြှုပ်ကြပါတယ်။ ဒီလိုမြှုပ်နှံရခြင်းဟာ “ သေဆုံးသွားသော လူတချို့ဟာ ကြောက်စရာကောင်းတဲ့ သွေးစုပ်ဖုတ်ကောင် ဖြစ်လာနိုင်တယ်”ဆိုပြီး ယူဆခဲ့ကြတယ်လို့ ဆိုပါတယ်။

Photo Credit – From Google

 သွေးစုပ်ဖုတ်ကောင်တွေ အရင်တုန်းက တကယ်ရှိခဲ့လားမသိရပေမယ့် ဒီအယူအဆတွေ လွှမ်းမိုးခဲ့တာကတော့ ရှိခဲ့ပါတယ်။ ကျွန်တော်အထင်ကတော့ ဒီရုပ်ကြွင်းဟာ သွေးစုပ်ဖုတ်ကောင်ဖြစ်နိုင်တာထက် ပြစ်ဒဏ်ကျခံသူကို ဒဏ်ခတ်တဲ့အနေနဲ့ သော့ခတ်ပြီး အရှင်လတ်လတ် မြေမြှုပ်ခဲ့တာလို့ ယူဆမိပါတယ်။ သင်တို့ရော ဒီရုပ်ကြွင်းကို ဘယ်လိုမြင်မိလဲ ဆိုတာကို ပြောခဲ့ပါဦး။

Photo Credit – From Google

သတင်းအရင်းမြစ်: Source - pahilopahilonews

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။