လူသားတွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းအချို့နှင့် ဆင်တူတဲ့ တိရစ္ဆာန်တွေကို သင်တွေ့ဖူးပါသလား။ အခုဖော်ပြပေးမယ့် ငါးကို တွေ့ရင်တော့ သင်တော်တော်လေး အံ့အားသင့်သွားစေမှာတော့ အမှန်ပါ။ အဆိုပါ ငါးမှာ ကျွန်တော်တို့  လူသားတွေရဲ့ သွားနဲ့ အရမ်းတူတဲ့ သွားတွေရှိပါတယ်။

Photo Credit – From Google
Photo Credit – From Google

ဒီငါးကို Pacu လို့လည်း လူသိများပြီး မြေနိမ့်ပိုင်း အမေဇုန်မြစ် နှင့် အော်ရီနိုကို မြစ်များရှိ ရေချိုချောင်းအများစုမှာ ကျင်လည်ကျက်စားနေတဲ့ တောင်အမေရိက ရေချိုငါးတစ်မျိုးဖြစ်ပါတယ်။

Photo Credit – From Google

Pacu ငါးတွေဟာ  အသားစားတဲ့ piranha နှင့် မျိုးနွယ်တူ ဖြစ်ပေမယ့် အစာစားတဲ့အခါမှာတော့ ကွဲပြားမှုတော့ ရှိပါတယ်။ piranha များဟာ  အသားစားတဲ့မျိုးစိတ်ဖြစ်ပြီး pacu ဟာ အသီးအပွင့်ကိုပါ စားသောက်ကြပါတယ်။ ထူးခြားချက်တစ်ခုကတော့ Pacu ငါးများမှာ လေးထောင်ပုံစံ ဖြောင့်စင်းတဲ့ သွားများရှိပြီး အဲ့ဒီသွားတွေက လူးသားများရဲ့ သွားများနှင့် အရမ်းဆင်ပါတယ်။

Photo Credit – From Google
Photo Credit – From Google

ဒီသွားတွေနဲ့ pacu ငါးများဟာ အခွံမာသီးများနှင့် သစ်သီးများကို ချေမှုန်းဖို့ အသုံးပြုကြသလို တစ်ခါတစ်ရံ အခြားငါးများနှင့် ကျောရိုးမရှိတဲ့ တိရစ္ဆာန်များကို စားကြပါတယ်။ အမေဇုန်မြစ်ထဲမှာ ရေကူးကြတဲ့ အချို့အမျိုးသားတွေဆိုရင် တစ်ခါတလေ သူတို့ရဲ့ ဝှေးစေ့များကို ငါးတွေက အခွံမာအသီးထင်ပြီး တိုက်ခိုက်ခံရတာ ရှိခဲ့ပါတယ်။ ဒါကြောင့် ဒီငါးတွေကို ရှိတဲ့ နေရာတွေမှာ ရေသွားကူးမယ့် အမျိုးသားတွေ အတွက်တော့ အတော်လေး ဂရုစိုက်ဖို့တော့ လိုမယ်လို့ထင်ပါတယ်။

Photo Credit – From Google
Photo Credit – From Google

သတင်းအရင်းမြစ်: Source - amusingplanet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။