သားပိုက်ကောင်တွေက အခြားနို့တိုက်တိရစ္ဆာန်တွေနဲ့ မတူတာကတော့ အမြဲကိုယ်ဝန်ဆောင်ကြတဲ့ ထူးခြားတဲ့ မျိုးစိတ်ဖြစ်ပါတယ်။ ဘယ်လောက်ထိ ကိုယ်ဝန်ဆောင်ကြလဲဆိုရင် သားပိုက်ကောင်အစ်မတွေဟာ ကလေးမွေးပြီးတာနဲ့ အနည်းဆုံး တစ်ရက်ကနေ သုံးရက်အတွင်းမှာပဲ နောက်ထပ်တစ်ဖန် မိတ်လိုက်ကြပါတယ်။

Photo Credit – From Google
Photo Credit – From Google

မွေးကင်းစကလေးငယ်ကတော့ လက်လွတ်သွားတဲ့ အထိ မိခင်ရဲ့ ဝမ်းဗိုက်အတွင်းမှာဘဲ နို့ရည်သောက်သုံးပြီး နေထိုင်ကြပါတယ်။ အဲ့ဒီမွေးကင်းစကလေးတွေ အိတ်ထဲကနေ ထွက်သွားတာ (သို့) သေဆုံးသွားတာနဲ့ သားပိုက်ကောင်ဟော်မုန်းများဟာ သားဥကြီးထွားမှုကို စတင်ဖို့ အချက်ပြမှုကို တွန်းပို့ပေးပါတယ်။

Photo Credit – From Google

အရှင်းဆုံးပြောရရင်တော့ ကလေးငယ် အိတ်ထဲကထွက်တာနဲ့ နောက်ထပ်ကိုယ်ဝန်ကို ဆောင်ဖို့ အစပြုပါတယ်။ ဒါပေမယ့် အရွယ်ရောက်ပြီးတဲ့ အစ်မ အများစုမှာပဲ အမြဲတမ်း ကိုယ်ဝန်ဆောင်ကြတာ ဖြစ်ပါတယ်။

Photo Credit – From Google

Melbourne တက္ကသိုလ်မှ လေ့လာမှု ပူးတွဲရေးသားသူနှင့် သုတေသီ Brandon Menzies ရဲ့ ထုတ်ဝေခဲ့တဲ့ လေ့လာမှုတစ်ခုမှာတော့ သားပိုက်ကောင်တွေလိုမျိုး အချို့ marsupial များလည်း  ကလေးမွေးပြီးပြီးချင်း တစ်ရက်ခန့်မှာ မိတ်လိုက်နိုင်ပြီး ကိုယ်ဝန်ရနိုင်တယ်လို့ ဆိုပါတယ်။

Photo Credit – From Google

သတင်းအရင်းမြစ်: Source - nationalgeographic

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။