သိပ္ပံဇာတ်ကားတွေထဲမှာ တွေ့ရတဲ့ လူသားစား ပန်းပွင့်ကြီးတွေကို တွေ့ဖူးကြလား။ အခုမြင်တွေ့ရဲ့ ပန်းပွင့်ကလည်း သူ့ရဲ့ ပုံစံက ဇာတ်ကားထဲကလိုမျိုး ကြောက်စရာကောင်းလောက်မယ်လို့ ထင်ပါတယ်။ ဒီအပင်ကို  Hydnora africana လို့ခေါ်ကြပြီး အခြားအပင်တွေပေါ်မှာ ရှင်သန်ကြတာဖြစ်လို့ အချို့က  ကပ်ပါးပင်တစ်မျိုးဆိုပြီး လူသိများပါတယ်။

Photo Credit – From Google
Photo Credit – From Google

 ဒီမျိုးစိတ်ကို တောင်အာဖရိကနိုင်ငံတောင်ပိုင်းရှိ Namibia၊ Botswana၊ Ethiopia ကဲ့သို့ အပင်များရဲ့ အမြစ်များ တွေ့ရတာပါ။ အရမ်းရှားပါတဲ့ မျိုးစိတ်ဖြစ်လို့ သူတို့ကို နေရာတိုင်းမှာ တွေ့ရဖို့ မလွယ်ကူပါဘူး။ Hydnora အပင်မျိုးစိတ်ကို စပြီးတွေ့တဲ့ အချိန်တုန်းက မှိုလိုတောင် အထင်မှားခဲ့ပါသေး။ သူက ကပ်ပါးအပင်လို့ ဆိုပေမယ့် အမှန်တကယ် မြေအောက်ကနေ ပန်းပွင့်တဲ့ အပင်အဖြစ် သတ်မှတ်ကြပါတယ်။

Photo Credit – From Google
Photo Credit – From Google

ပန်းပွင့်ရဲ့ ပုံစံကတော့ အထဲက ငရဲမီးလို နီရဲနေပေမယ့် အပြင်ဘက်ခြမ်းမှာတော့ သြဇာသီးအခွံလိုမျိုး ကြမ်းတမ်းတာ တွေ့ရပါတယ်။ ဒါပေမယ့် အင်းဆက်ပိုးမွှားတွေအတွက်တော့ မျက်စိကျနိုင်လောက်တဲ့ အနံ့ဆိုးတော့ ရှိပါတယ်။ ပညာရှင်များရဲ့ "ကမ္ဘာ့အထူးဆန်းဆုံးအပင်" အဖြစ်သတ်မှတ်ခံရတဲ့ အထဲမှာ Hydnora အပင်လည်း ပါဝင်ပါတယ်။

Photo Credit – From Google
Photo Credit – From Google

သတင်းအရင်းမြစ်: Source - nph

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။