တရုတ်ရေသမင်း မွေးကင်း တစ်ကောင်ဟာ အလွန်သေးငယ်လွန်းတာကြောင့် ကျွန်တော်တို့ လက်ဖဝါးပေါ်မှာ ကိုင်ထားနိုင်လောက်ပါတယ်။ သူတို့ရဲ့ ပခုံးအမြင့်က ၀.၅၀ မီတာ မှ ၀.၅၅ မီတာလောက်ပဲ မြင့်ပါတယ်။ သူတို့ကြီးပြင်းလာတဲ့အခါမှာတော့ အလေးချိန်က ၁၁ မှ ၁၈ ကီလိုဂရမ်းကြားလောက်ရှိကြတာ ဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသား ရေသမင်တစ်ကောင်ရဲ့ အရှည်ကတော့ ၄ စင်တီမီတာခန့်ရှိပါတယ်။

Photo Credit – From Google

တောင်ပိုင်း သမင်တွေကတော့ ပုံမှန်အားဖြင့် ပေါင် ၁၀၅ မှ ၁၂၅ ပေါင်လောက်အထိ ရှိပါတယ်။ မြောက်ပိုင်းသမင်များမှာတော့ ပျမ်းမျှအားဖြင့် ၁၀၅ ပေါင်မှ ၁၂၀ ဝန်းကျင်လောက်ရှိတာ ဖြစ်ပါတယ်။ တရုတ်ရေသမင်မျိုးစိတ်တွေတွေကတော့ အခြားသမင်မျိုးစိတ်တွေနဲ့ ကိုယ်အလေးချိန်ယှဉ်ကြည့်မယ်ဆိုရင် အတော်လေး သေးငယ်တယ်လို့ ပြောလို့ရပါတယ်။ တရုတ်လူမျိုးတွေက ရေသမင်အထီးတွေကိုတော့ အကောင်ကြီး၊ အမတွေက ဖော်လံဖား လို့ ခေါ်ကြပါတယ်။

Photo Credit – From Google

ရေသမင်းမျိုးစိတ်တွေရဲ့ ထူးချက်ကတော့ သူတို့ရဲ့ ခန္ဓာကိုယ်အရောင်က တစ်နှစ်တာလုံးမှာ အညိုရောင်ဖြစ်ပေမယ့် ဆောင်ရာသီရောက်တာနဲ့ တပြိုင်နက် မီးခိုးမှိုင်းမှိုင်းအရောင်ကို ပြောင်းလဲသွားကြပါတယ်။ နောက်တစ်ခုက သူတို့ကို အခြားသမင်တွေနဲ့ မမှားအောင် ခွဲခြားသက်မှတ်နိုင်တဲ့ အမှတ်အသားများ မပါရှိပေမယ့် အမြီးကတော့ တိုပါတယ်။

Photo Credit – From Google
Photo Credit – From Google

ဒါအပြင် ရေသမင်များမှာ အခြားသမင်တွေနဲ့ မတူတဲ့ အချက်ကတော့ သူတို့မှာ ထင်ရှားတဲ့ အစွယ်များပါရှိကြပါတယ်။ အထီးတွေမှာတော့ အဲ့အစွယ်ကို ထင်ထင်ရှားရှား မြင်ရပေမယ့် အမများမှာတော့ မမြင်ရပါဘူး။ သူတို့ကို တိုက်ခိုက်လာတဲ့ ရန်သူတွေတွေ့ရင်တော့ အဆိုပါ အစွယ်များကို အသုံးပြုတိုက်ခိုက်ကြပါတယ်။

Photo Credit – From Google

သတင်းအရင်းမြစ်: Source - bds.org.uk

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။