အမူအရာနဲ့ ပတ်သက်လာရင် မြင်းဟာ လှည့်စားနိုင်တဲ့အထဲတော့ ပါမနေပါဘူး။ မကြာသေးမီက တွေ့ရှိချက်များအရ မြင်းတွေဟာ သူတို့သူငယ်ချင်းနဲ့ ဆက်သွယ်ဖို့အတွက် သီးခြားမျက်နှာလှုပ်ရှားမှု အမူအရာ 17 ခုကို အသုံးပြုကြောင်း ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။ ဒါဟာ လူသားများထက် မျက်နှာအမူအရာ ၁၀ ခု ပိုနည်းပေမယ့်လည်း ခွေးများထက် တစ်ခုနှင့် ချင်ပန်ဇီများထက် လေးခုပိုများပါတယ်။

University of Sussex မှ သုတေသီများဟာ မြင်းခေါင်းကို ခွဲခြမ်းစိပ်ဖြာပြီး သူ့ရဲ့ မျက်နှာသွင်ပြင်အောက်ရှိ ကြွက်သားများကို ဖော်ထုတ်ခြင်းဖြင့် ဒါကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ လေ့လာပြီးချိန်မှာ သူတို့ဟာ ၁၅ နာရီကြာတဲ့ မြင်းတွေရဲ့ အပြုအမှု နေထိုင်ပုံတွေကို ကြည့်ခဲ့ကြပါတယ်။ Video ထဲမှာဆိုရင် လေးပတ်ကနေ ၂၇ နှစ်ထိရှိတဲ့ မြင်း ၈၆ ကောင်ရဲ့ နေထိုင်ပုံ အပြုအမှုတွေပါပါတယ်။

လေ့လာမှုရဲ့ ဦးဆောင်သူ Jennifer Wathan က မြင်းလှုပ်ရှားမှုနှင့် လူသားများကြား တူညီမှုများဟာ သိသိသာသာ ထင်ရှားတယ်လို့ ပြောခဲ့ပါတယ်။ သူတို့မှာ ကြောက်ရွံ့မှု၊ အံ့သြမှု၊ သို့မဟုတ် ဝမ်းနည်းမှုတို့ကို ပြသဖို့ အတွင်းမျက်ခုံးကို မြှင့်တတ်ကြပါတယ်။ ခွေးကလေးတွေရဲ့ ခွေးမျက်လုံးလိုပါပဲ။ နှုတ်ခွန်းဆက်ရင် နှုတ်ခမ်းထောင့်များကို ပြန်ဆွဲခြင်း (ပြုံးခြင်း) နဲ့ Alarm သံကြားရတဲ့အခါ မျက်လုံးတွေ ပြူးတတ်ပါတယ်။

သတင်းအရင်းမြစ်: National geographic

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။