အီတလိ ဒီဇိုင်းဗိသုကာကုမ္ပဏီ PIERPAOLO LAZZARINI မှ အနာဂတ်မှာ လူဦးရေ ၆,၀၀၀၀ လောက်အထိ တည်းခိုနိုင်တဲ့ Pangeos လို့ နာမည်ပေးထားတဲ့ လိပ်ပုံသဏ္ဍာန် ဇိမ်ခံသင်္ဘောကြီးတစ်စင်းကို တည်ဆောက်သွားမယ့် ဒီဇိုင်းပုံစံကို ထုတ်ဖော်ပြသလာခဲ့ပါတယ်။

Photo Credit – From Google

သင်္ဘောကြီး Pangeos ဟာ အရွယ်အစားအရ အတော်လေးကို ကြီးမားတာဖြစ်လို့ အထဲမှာ ဟိုတယ်တွေ၊ စျေးဝယ်စင်တာများ၊ ပန်းခြံများအပါအဝင် သင်္ဘောဆိပ်ကမ်းနှင့် ပင်လယ်ထဲ ဧည့်သည် ၆,၀၀၀၀ ခန့် တည်းခိုနိုင်တဲ့ အခြားအဆောက်အဦးများစွာပါဝင်တဲ့ ရေပေါ်မြို့တော်တစ်ခုလည်း ဖြစ်ပါတယ်။

Photo Credit – From Google

အနာဂတ်မှာ တောက်ပလာမယ့် Pangeos သင်္ဘောကြီးဟာ  အလျား ၅၅၀ မီတာ ( ၁၈၀၀ ပေ ) နှင့် အနံ ၆၁၀ မီတာ ( ၂၀၀၀ ပေ) ထိရှိပါတယ်။ လိပ်ပုံသဏ္ဍာန် သင်္ဘောကြီးဟာ ကမ္ဘာပေါ်မှာ တည်ဆောက်ခဲ့သမျှထဲမှာ အကြီးဆုံး အဆောက်အဦ ဖြစ်လာမှာပါ။

Photo Credit – From Google

Pangeos မှာ မြင်းကောင်ရေ ၁၆,၈၀၀ စွမ်းရည်ရှိတဲ့ HTS အင်ဂျင် ၉ လုံးတပ်ဆင်ထားတာဖြစ်လို့ အမြန်နှုန်း 5 knots ဖြင့် မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ ရွက်လွှင့်နေစဉ်မှာလည်း ကြီးမားတဲ့ အတောင်ပံများဟာ လှိုင်းဘရိတ်များမှ စွမ်းအင်ရရှိမည်ဖြစ်ပြီး Pangeos ဟာ ကမ္ဘာမြေပြင်ပင်လယ်ပြင်တစ်ဝိုက်မှာ ဓာတ်ငွေ့ထုတ်လွှတ်မှုမရှိဘဲ စဉ်ဆက်မပြတ် ဖြတ်သန်းသွားမှာ ဖြစ်ပါတယ်။

Photo Credit – From Google

ဒါ့အပြင် အိမ်ခေါင်မိုးပေါ်ရှိ ဧရိယာအား လျှပ်စစ်ဓာတ်အားပေးဖို့အတွက် လိုအပ်တဲ့ စွမ်းအင်များပေးစွမ်းနိုင်တဲ့ ဆိုလာပြားများတပ်ဆင်ထားမှာ ဖြစ်ပါတယ်။ Pangeos သင်္ဘောကြီးကို တည်ဆောက်ဖို့ ခန့်မှန်းခြေ ဒေါ်လာ ၈ ဘီလီယံလောက် ကုန်ကျမှာဖြစ်ပြီး ခန့်မှန်းခြေအားဖြင့် ၈ နှစ်ကြာမြင့်မှာ ဖြစ်ပါတယ်။

Photo Credit – From Google

သတင်းအရင်းမြစ်: Source - designboom

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။