ခရမ်းချဉ်သီးဟာ အသီးတစ်မျိုးဖြစ်ကြောင်း ရုက္ခဗေဒပညာရှင်များက ပြောပြခဲ့ဖူးပြီး ဒါကို လူများစွာ သိထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် လူတော်တော်များများ မသိတာက အမေရိကန်မှာ ခရမ်းချဉ်သီးဟာ တရားဝင် ဟင်းသီးဟင်းရွက်တွေပါ။ ၁၈၉၃ ခုနှစ်မှာ တရားရုံးချုပ်က ခရမ်းချဉ်သီးကို ဟင်းသီးဟင်းရွက်အဖြစ် အမျိုးအစားခွဲသင့်ကြောင်း စီရင်ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလိုမျိုး တရားရုံးချုပ်က ဘာကြောင့် ဒီလိုမျိုး စီရင်ချက်ချရတာလဲလို့ သိချင်နေတယ်ဆိုရင် ဒါဟာ အခွန်နဲ့ သက်ဆိုင်ပါတယ်။ အဲ့ဒီအချိန်တုန်းက ဟင်းသီးဟင်းရွက်များကို အခွန်ကောက်ပေမယ့်လည်း အသီးအနှံများကိုတော့ မကောက်လို့ပါ။

ယေဘူယျအားဖြင့် ပြောရရင် အသီးများဟာ ၀တ်မှုန်ကူးရန် လိုအပ်ပြီး မျိုးစေ့များ ပေါက်ဖို့လိုပါတယ်။ ဟင်းသီးဟင်းရွက်များဟာ စားသုံးနိုင်တဲ့ ပင်စည်များ၊ အရွက်များ၊ အမြစ်များ၊ အသီးများနှင့် အပင်ရဲ့ အခြားအစိတ်အပိုင်းများ ဖြစ်ကြပါတယ်။ အချို့ကိစ္စများမှာ အမျိုးအစားခွဲခြားခြင်းနှင့်ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေတော့ ရှိပါတယ်။

ဆိုတော့ သင့်အနေနဲ့ ဟင်းသီးဟင်းရွက်လို့ ထင်နေတဲ့ အသီးအနှံတွေက တစ်ခုထက်မနည်း ရှိပါတယ်။ အဲ့ထဲမှာ ဘာတွေပါလဲဆိုတော့ သံလွင်သီး၊ ခရမ်းသီး၊ ဖရုံသီး၊ သခွားသီး၊ ပဲတောင့်ရှည်၊ ရုံးပတီသီး နဲ့ ငရုတ်သီးတို့ ဖြစ်ပါတယ်။ ဒီအသီးအနှံအားလုံးကို ဟင်းသီးဟင်းရွက်များအဖြစ် အဘယ်ကြောင့် သိလာရတာလဲ။

အကောင်းဆုံး ခန့်မှန်းချက်မှာ သူတို့ဟာ အချိုမဟုတ်တာကြောင့်နဲ့ သဘာဝသကြားဓာတ်နည်းတာကြောင့် ချက်ပြုတ်သူများဟာ ဟင်းသီးဟင်းရွက်အမျိုးအစားမှာ ထည့်ထားခြင်းဖြစ်ပါတယ်။ အဲ့ဒီနေရာမှာ သူတို့ဟာ အရွက်များ၊ ရိုးတံများ၊ အမြစ်များ၊ ဥများနှင့် အသီးများမှ ထွက်လာတဲ့ ဟင်းသီးဟင်းရွက်များ သို့မဟုတ် ဘရိုကိုလီလို အပင်ရဲ့ အပွင့်များဖြစ်တဲ့ အသီးအရွက်များပါ၀င်ပါတယ်။

သတင်းအရင်းမြစ်: Tree hugger

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။