Prairie Dog ဆိုတဲ့ ကြွက်မျိုးနွယ်တွေဟာ တစ်ယောက်ကိုတစ်ယောက် အနမ်းများဖြင့် နှုတ်ဆက်ကြပါတယ်။ သူငယ်ချင်း၊မိသားစု၊ ရန်သူတွေကိုတောင် သူတို့ဟာ ဒီလို နှုတ်ဆက်တတ်ကြပါတယ်။ ဒါပေမယ့် ဒါဟာ ဒီကြွက်လေးတွေရဲ့ ချစ်စရာကောင်းတဲ့ အသွင်အပြင်တစ်ခုတော့ မဟုတ်ပါဘူး။ ဖွံ့ဖြိုးတိုးတက်မှုအားဖြင့် သူတို့ရဲ့ နေအိမ်များမှ ရွှေ့ပြောင်းခံရတော့မယ့်အချိန်မှာ အနမ်းများဟာ သူတို့ရဲ့ ရှင်သန်မှုအတွက် သော့ချက် ဖြစ်နိုင်ပါတယ်။

ဒီကြွက်မျိုးစိတ်ပေါင်းများစွာဟာ ကိုလိုရာဒိုကုန်းပြင်မြင့်ရှိ မြက်ခင်းပြင်များမှာ နေထိုင်ကြပြီး များသောအားဖြင့် ကိုလိုနီအုပ်စုကြီးများ သို့မဟုတ် မိသားစုအုပ်စုငယ်များနဲ့ ဖွဲ့စည်းထားတဲ့ သူတို့ “မြို့များ” မှာ နေထိုင်ကြပါတယ်။ သူတို့ရဲ့ လူမှုဘဝတွေက ရှုပ်ထွေးပြီး အိမ်အသစ်ကို ပြောင်းရွှေ့တဲ့အခါ အများစုက အသက်မရှင်ကြပါဘူး။

ပြောင်းရွှေ့နေထိုင်စဉ်အတွင်း ဆက်ဆံရေးနှောင်ကြိုးများကို နဂိုအတိုင်းထားရှိမယ်ဆိုရင် ရှင်သန်နှုန်း တိုးတက်လာနိုင်တယ်လို့ သိပ္ပံပညာရှင်များက ယုံကြည်ကြပါတယ်။ လူသားမျိုးစိတ်များမှာတောင် နမ်းခြင်းဟာ အနည်းငယ်ဆန်းကြယ်ပါတယ်။ သူတို့ရဲ့ “နှုတ်ဆက်အနမ်း” ဟာ နို့တိုက်မိခင်များနှင့် ကလေးများ၊ ဆွေမျိုးများနှင့် သူငယ်ချင်းများကြားမှာ အဖြစ်များပါတယ်။ သူတို့ကြားမှာ နမ်းချင်ဟာ ဆက်ဆံရေးအတွက် ဖြတ်လမ်းဖြစ်နိုင်ပါတယ်လို့ ပညာရှင်တွေက ယုံကြည်ထားကြပါတယ်။

သတင်းအရင်းမြစ်: KNAU

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။