ပင်ဂွင်းတွေဟာ ကျောက်ဆောင်ကမ်းခြေများမှာ နေထိုင်ကျက်စားကြပြီး သူတို့ရဲ့ မိတ်လိုက်ရာသီရောက်တဲ့ အချိန်အခါမှာ တစ်သက်လုံးလက်တွဲသွားမယ့် အိမ်ထောင်ဖက်ကို Propose လုပ်နေရာမှာ ကျောက်တုံးငယ်လေးတွေကို ဆုတစ်ခုအနေနဲ့ အသုံးပြုကြပါတယ်။

Photo Credit – From Google

ဆိုလိုတာက ပင်ဂွင်းအထီးများဟာ ရည်းစားစပြီးထားတဲ့နေရာမှာ သူတို့ကြိုက်နှစ်သက်ကြတဲ့ ကောင်မလေးကို လက်ဆောင်ပေးဖို့အတွက် အချောဆုံးဆိုတဲ့ ကျောက်စရစ်ခဲကို သေချာစိတ်ကြိုက်ရှာဖွေကြပါတယ်။ သူတို့ကြိုက် ကျောက်စရစ်ခဲကို ရှာတွေ့ပြီဆိုရင် နှုတ်သီးနဲ့ကောက်ယူပြီး ရည်ရွယ်ထားတဲ့ ချစ်သူကောင်မလေးရှိရာကို ပြန်သွားပြီး  ခြေထောက်အရှေ့မှာ သွာခြကြပါတယ်။

Photo Credit – From Google
Photo Credit – From Google

 အဲ့ဒီကျောက်စရစ်ခဲကို ပင်ဂွင်းအမက လက်ခံခဲ့ရင် တစ်သက်လုံး လက်တွဲဖော်ဖြစ်သွားကြပါတယ်။ လက်တွဲဖော်ြဖစ်ပြီးတဲ့ နောက်ပိုင်း မိတ်လိုက်ရာသီရောက်တိုင်းမှာ သူတို့နှစ်ဦးဟာ တစ်ဦးနှင့်တစ်ဦး သေစ္စာမဖောက်ကြဘဲ ပြန်ပြီးလက်တွဲကြပါတယ်။ ခြွင်းချက်တစ်ခုကတော့ ဧကရာဇ်ပင်ဂွင်းတွေမှာပဲ ဒီလိုမျိုး သစ္စာရှိကြတာပါ။

Photo Credit – From Google
Photo Credit – From Google

ဒါပေမယ့် သူတို့ရဲ့ လက်တွဲဖော် သေဆုံးသွားခဲ့ရင်တော့ နောက်ထပ် လက်တွဲဖော်အသစ်ကို ထပ်မံရှာကြပါတယ်။ စိတ်ဝင်စားစရာတစ်ခုကတော့ ပင်ဂွင်းအမတွေက သူတို့ကို Propose လာလုပ်သူမှန်သမျှကို လွယ်လွယ်လေးနဲ့ လက်သင့်မခံကြပါဘူး။ သူတို့နဲ့ စရိုက်လက္ခဏာတူတဲ့သူကိုသာ ပြန်ပြီး ရွေးချယ်ကြတာ ဖြစ်ပါတယ်။

Photo Credit – From Google

သတင်းအရင်းမြစ်: Source - allfamousbirthday

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။