ရွေ့လျားမှု အနှေးကွေးဆုံး ရေနေငါးများမှာ မျိုးစိတ် 30 ကျော်သာရှိတဲ့ ပင်လယ်မြင်း သို့မဟုတ် ရေနဂါးများ (family Syngnathidae) ဖြစ်ပါတယ်။ သူတို့ရဲ့ ရေကူးစွမ်းရည်ကို တောင့်တင်းတဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံဖြင့် ပြင်းထန်စွာ ကန့်သတ်ထားပါတယ်။ လျင်မြန်စွာ ရွေ့လျားနိုင်တဲ့ တစ်ခုတည်းသော အစိတ်အပိုင်းတွေကတော့ ဦးခေါင်းရဲ့နောက်ဘက်ခြမ်းနှင့် နောက်ကျောတစ်လျှောက်ရှိ အမြှေးတောင်များဖြစ်ပါတယ်။

တွန်းကန်အားရဲ့ အဓိကရင်းမြစ်မှာ နောက်ကျောမှ ဆူးတောင်ရဲ့ လှိုင်းရွေ့လျားမှုဖြစ်ပါတယ်။ သူတို့ဟာ တည့်မတ်တဲ့ အနေအထားနဲ့ ငါးကို အရှေ့ တွန်းပို့ပြီး လှိုင်းဂယက်တစ်ခုလို သွားလာစေပါတယ်။ အမြင့်ဆုံးအရှည် 4.2 စင်တီမီတာ (1.7 လက်မ) သာရှိသော လူပုပင်လယ်မြင်း (Hippocampus zosterae) လို သေးငယ်တဲ့ မျိုးစိတ်အချို့ဟာ အမြန်နှုန်း 0.016 km/h (0.001 mph) ထက်မပိုပါဘူး။

ပင်လယ်မြင်းများဟာ ရေစီးကြောင်းကို ဖြတ်မကူးနိုင်တာကြောင့် မျောပါသွားခြင်းမှ ရှောင်ကြဉ်ကာ သူတို့ရဲ့ အမြီးကို သန္တာနှင့် အဏ္ဏဝါအပင်များပေါ်မှာ ချိတ်ဆွဲထားကြပါတယ်။ ရေနဂါးတွေနဲ့ပတ်သက်ပြီး ထူးဆန်းတဲ့အချက်ကတော့ သူတို့ဟာ အမတွေက ကိုယ်၀န်မဆောင်ပဲ အထီးတွေပဲ ကိုယ်၀န်ဆောင်ကြတာပါတဲ့။

သတင်းအရင်းမြစ်: Guinness world records

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။