ပုရွက်ဆိတ်များဟာ ပျားများ၊ နဘီများနှင့် အနီးစပ်ဆုံး ဆက်စပ်နေပြီး သူတို့အားလုံးဟာ သူတို့ရဲ့ ခန္ဓာကိုယ်ကို အပိုင်းပိုင်းခွဲထားတဲ့ ခါးကျဉ်းလေးရှိပါတယ်။ ခန္ဓာကိုယ်ကို ဦးခေါင်း၊ ရင်ဘတ်၊ နှင့် gaster (ခါးနောက်ဘက်ဝမ်းဗိုက်ရဲ့အစိတ်အပိုင်း) ဆိုပြီး သုံးပိုင်းခွဲထားပါတယ်။ ကမ္ဘာပေါ်မှာ ပုရွက်ဆိတ်မျိုးစိတ်ပေါင်း 12,000 ကျော်ရှိပြီး အများစုမှာ အနက်ရောင်၊ အညိုရောင် သို့မဟုတ် အနီရောင်များဖြစ်ကြပါတယ်။

ပုရွက်ဆိတ်များကို ကမ္ဘာပေါ်ရှိ နေရာတိုင်းလိုလိုမှာ တွေ့ရှိရပါလိမ့်မယ်။ ဒါပေမယ့် ပုရွက်ဆိတ်‌တွေမရှိတဲ့ နေရာတွေတော့ရှိပါတယ်။ အဲ့ဒီနေရာတွေကတော့ အန္တာတိကတိုက်၊ ဂရင်းလန်း၊ အိုက်စလန်နှင့် အချို့ ကျွန်းနိုင်ငံတွေပဲဖြစ်ပါတယ်။ မျိုးစိတ်အများစုဟာ မြေဆီလွှာ၊ အရွက်အမှိုက်များ သို့မဟုတ် ဆွေးမြေ့နေတဲ့ အပင်များမှာ နေထိုင်ကြပါတယ်။ ပုရွက်ဆိတ်နဲ့ပတ်သက်ပြီး တခြားစိတ်၀င်စားစရာတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

ပုရွက်ဆိတ်ရဲ့ အစားအစာဟာ မျိုးစိတ်အလိုက် ကွဲပြားပေမယ့်လည်း အများစုဟာ အရွက်များ၊ အစေ့များ၊ အင်းဆက်ငယ်များ၊ ဝတ်ရည်နှင့် ပျားရည်တို့ကို စားကြပါတယ်။ ပုရွက်ဆိတ်များဟာ အစာကို အသိုက်သို့ ပြန်သယ်ယူကြပြီး သူတို့ရဲ့ အလေးချိန် ၁၀ ဆကျော်ထိ သယ်ဆောင်နိုင်စွမ်းရှိကြပါတယ်။

ပုရွက်ဆိတ်များဟာ အများအားဖြင့် အသိုက်တစ်ခုနှင့် မိဖုရားတစ်ကောင် ဆိုပြီးကိုလိုနီအဖွဲ့များ ဖွဲ့စည်းနေထိုင်ကြပါတယ်။ ဒါပေမယ့်လို အချို့မျိုးစိတ်များဟာ အသိုက်များစွာနှင့် ဘုရင်မများစွာရှိနိုင်ပြီး စူပါကိုလိုနီလိုခေါ်တဲ့ ဒီအုပ်စုကြီးကို ဖွဲ့စည်းထားတတ်ပါတယ်။ စူပါကိုလိုနီတစ်ခုမှာ မိုင်ထောင်ပေါင်းများစွာထိ ရှည်လျားနိုင်တဲ့ ပုရွက်ဆိတ်ပေါင်း ဘီလီယံပေါင်းများစွာ ပါဝင်နိုင်ပါတယ်။

သတင်းအရင်းမြစ်: nwf

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။