Paradise Tree Snake ဟာ ရှားပါးတယ်လို့ အချို့က ယူဆကြပေမယ့်လည်း စင်ကာပူမှာတော့ ဒီရေတော၊ ဒုတိယသစ်တောနှင့် ပန်းခြံများ၊ ဥယျာဉ်များ အပါအဝင် နေရာမျိုးစုံမှာ ကြုံတွေ့ရလေ့ရှိပါတယ်။ သူတို့မှာ သားကောင်အသေးတွေကို ထိန်းထားဖို့ လုံလုံလောက်လောက် အစွမ်းထက်ပြီး အဆိပ်ရှိကြတဲ့ ကျောစွယ်ရှိ colubrid ဖြစ်ပါတယ်။ သူတို့ဟာ သစ်ပ‌င်ပေါ်မှာနေထိုင်တဲ့ ပုတ်သင်ညိုတွေနဲ့ ဆင်ပါတယ်။ ဒီမြေတွေဟာ မနက်ဘက်မှာ တက်တက်ကြွကြွ ရှိကြပါတယ်တဲ့။

သူတို့ဟာ ကျွမ်းကျင်တဲ့ တွယ်တက်သူ‌တွေဖြစ်ပါတယ်။ Chrysopelea genus ရဲ့ အခြားအင်္ဂါများလိုပဲ သစ်ပင်တစ်ပင်မှတစ်ပင်ကို လျှောစီးနိုင်တဲ့စွမ်းရည်ရှိပါတယ်။ တချို့လူတွေအမြင်မှာတော့ သူတို့ဟာ ပျံ့သန်းနေကြသလိုပါပဲ။ သူတို့ရဲ့ ခန္ဓာကိုယ်ကိုပြားစေခြင်းဖြင့် ventral မျက်နှာပြင်ဟာ ရှိုက်လာကာ မြင့်မားတဲ့ အကိုင်းအခဲတွေကနေ လေထဲဆီ သူတို့ကိုရောက်ရှိစေပါတယ်။

ခန္ဓာကိုယ်ဟာ သေးသွယ်ပြီး အမြီးရှည်ပါတယ်။ သူတို့ရဲ့ ပုံမှန်ပုံစံကတော့ နက်မှောင်တဲ့အဝါရောင်အကြေးခွံများနဲ့ ဆွဲဆောင်မှုရှိပြီး အချို့အ‌ကောင်တွေမှာတော့ ကျောမျက်နှာပြင်တစ်လျှောက် အနီရောင်ပုံစံရှိကြပါတယ်။ မျိုးစိတ်များဟာ မြန်မာနှင့် ထိုင်းတောင်ပိုင်းဒေသများ၊ မလေးရှားကျွန်းဆွယ်၊ စင်ကာပူမှတဆင့် အင်ဒိုနီးရှား (ဘော်နီယို၊ ဆူမာတြား၊ ဂျာဗား၊ ဆူလာဝေစီ) နှင့် ဖိလစ်ပိုင်ရဲ့ အစိတ်အပိုင်းများအထိ တွေ့ရှိနိုင်ပါတယ်။

သတင်းအရင်းမြစ်: National Geographic

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။