ယာကွတ်မြင်း များဟာ အအေးဒဏ်ကို အကောင်းဆုံး ကြံ့ကြံ့ခံ ခံနိုင်ရည်ရှိကြတဲ့ မြင်းတွေဖြစ်ပါတယ်။ ဒီမြင်းတွေက ယာကူတီယားက ဇာတိဖြစ်ပေမယ့် လက်ရှိမှာ ရှရုားနိုင်ငံ ၊ Yakutia ပြည်နယ်ရှိ ဌာနေတိုင်းရင်းသားတွေပဲ မွေးမြူတော့တာ ဖြစ်ပါတယ်။ Yakutia မှာတော့ ဒီမြင်းမျိုးစိတ်က ၃ မျိုးလောက်ရှိပါတယ်။

Photo Credit – From Google

အလွယ်ပြောရရင်တော့ သူတို့ဒေသတွင်းမှာတော့ တောင်ပိုင်းမြင်း ၊ မြောက်ပိုင်းမြင်း နှင့် အနောက်ပိုင်းမြင်းဆိုပြီး ခွဲခြားသတ်မှတ်ထားကြတာပါ။ အဲ့ဒီထဲမှာ မြောက်ပိုင်းမြင်းက အရပ်ပုပုလေးတွေပါ။ ယာကွတ်မြင်းတွေအားလုံးက သာမန်မြင်းတွေနဲ့ ယှဥ်ကြည့်မယ်ဆိုတော့ အရွယ်အစားက သေးပါတယ်။

Photo Credit – From Google

ခန့်မှန်းခြေ ယာကွတ်မြင်းတစ်ကောင်ရဲ့ အရပ်က ၁၄၀ - ၁၄၅ စင်တီမီတာသာရှိပေမယ့် သူတို့ရဲ့ အလေးချိန်က တန်ဝက်ခန့်လောက် ရှိကြပါတယ်။ အများအားဖြင့် အညိုရောင်နှင့် မီးခိုးရောင်တွေက ပေါပေမယ့် အခြားရောင်တွေက ခပ်ရှားရှားပါ။ ဒါပေမယ့် ဒီမြင်းတွေမှာ သာမန်မြင်းတွေနဲ့ မတူတာကတော့ အမွေးပါ။ အမွေးတွေကတော့ တော်တော်လေးကို ရှည်လျားပါတယ်။

Photo Credit – From Google

ပြေးလွှားတဲ့ နေရာမှာလည်း ဆီနှင်းတွေထဲ ဒါမှမဟုတ် ကြမ်းတမ်းတဲ့ မြေပြင်တွေမှာပဲဖြစ်ဖြစ် အကောင်းဆုံး သွားလာလှုပ်ရှား နိုင်ကြပါတယ်။ သူတို့က တစ်နေ့လျှင် ကီလိုမီတာ ၁၀၀ အထိ လမ်းလျှောက်နိုင်ပြီး အလေးချိန် ၃၀၀ ကီလိုဂရမ်လောက်ကို သယ်ဆောင်နိုင်ပါတယ်။ Yakutia ပြည်နယ်ရဲ့ ရာသီဥတုက နွေရာသီတွေဆိုရင် အပူချိန်က +၃၅ ဒီဂရီစင်တီဂရိတ်အထိ ရှိနိုင်ပြီး ဆောင်းရာသီတွေမှာဆိုရင် အပူချိန် -၅၀°C အထိ ကျဆင်းပါတယ်။

Photo Credit – From Google

ဒါပေမယ့် အဆိုပါ ဒေသရဲ့ မြောက်ဘက်ရှိ Verkhoyansk နှင့် Oymyakon မှာတော့ အပူချိန် -၇၀°C ခန့်ထိ ကျဆင်းခဲ့တဲ့ မှတ်တမ်းရှိခဲ့ပါတယ်။ ဒီလောက် အပူချိန်ကျဆင်းတဲ့ ဒေသမှာတော့ ယာကွတ်မြင်းတွေအတွက် ဒါက ပြဿနာမဟုတ်ပါဘူး။ သူတို့ရဲ့ အမွေးအမှင်တွေကြောင့် အပြင်းထန်ဆုံး ဆောင်းရာသီမှာတောင် အေးဆေးစွာ နေထိုင်နိုင်ကြပါတယ်။

Photo Credit – From Google

သတင်းအရင်းမြစ်: Source - travel

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။