ခြင်္သေ့များဟာ ကမ္ဘာပေါ်မှာ ဒုတိယအကြီးဆုံး ကြောင်မျိုးစိတ်ဖြစ်ပြီး 'သားရဲဘုရင်' အဖြစ် ကမ္ဘာတစ်ဝှမ်းမှာ လူသိများပါတယ်။ ဒီဂုဏ်ထူးဆောင်ဘွဲ့ဟာ ဂုဏ်သိက္ခာနှင့် တည်ငြိမ်မှုကို ညွှန်ပြနေပေမယ့်လည်း ခြင်္သေ့ဘဝရဲ့ ဆွဲဆောင်မှုရှိတဲ့ အသွင်အပြင်များစွာရှိပါတယ်။ အဲ့ဒီအပြင် ခြင်္သေ့များရဲ့ လိင်မှုဘဝဟာ ရှုပ်ထွေးလွန်လှပါတယ်။ ရှုပ်ထွေးလွန်လှတာကြောင့် လူသားတွေအမြင်ဘက်က ကြည့်ရင် အံ့ဩလွန်းရပါလိမ့်မယ်။

ခြင်္သေ့မတစ်ကောင်ဟာ အပူရှိန်ရှိန်ရှိနေတဲ့ ၃ ရက်မှ ၄ ရက်အတွင်းတွင် lordosis လို့ လူသိများတဲ့ အနေအထားနဲ့ အထီးများကို အချက်ပြမှာ ဖြစ်ပါတယ်။ အမတစ်ကောင်မှာ အခုလို လိင်စိတ်ဖြစ်ပေါ်မှုက မကြာခဏဆိုသလို ဖြစ်ပေါ်နေတတ်ပါတယ်။ ဒါကြောင့် ခြင်္သေ့အထီးများဟာ ခြင်္သေ့မမျိုးစုံနဲ့ တစ်ရက်ကို အကြိမ် ၅၀ အထိ လိင်ဆက်ဆံနိုင်ကြပါတယ်။

ယေဘူယျအားဖြင့် လိင်ဆက်ဆံမှုဟာ ၂၁ စက္ကန့်အထိ ကြာပြီး အဲ့ဒီကာလအတွင်း ခြင်္သေ့အမဟာ ကျယ်လောင်စွာ အော်ဟစ်နေတတ်ပါတယ်။ မိတ်လိုက်တဲ့ အတွဲအများအပြားဟာ အချင်းချင်းလည်ပင်းကို ညင်သာစွာကိုက်ခြင်း သို့မဟုတ် နားရွက်နောက်ဘက်မှာ နမ်းခြင်းကိုလည်း မြင်တွေ့ရနိုင်ပါတယ်။ ခြင်္သေ့တွေဟာ မိတ်လိုက်ပြီးတဲ့အခါ သူတို့ရဲ့ လိင်အင်္ဂါဟာ နာကျင်နေတတ်ပါသေးတယ်။

သတင်းအရင်းမြစ်: Tiger tribe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။