ဖားများဟာ ပိုးမွှားများ၊ နို့တိုက်သတ္တဝါငယ်များ၊ ငှက်များ၊ မြွေများ သို့မဟုတ် အခြားဖားများလို သားရဲများကို စားတတ်ကြပါတယ်။ ဖားများမှာ သွားများရှိပေမယ့်လည်း သူတို့ဟာ လူသားတွေအတိုင်း အသုံးမပြုပါဘူး။ ဖားဟာမကိုက်ပဲ ဝါးပြီး မျိုချကြတာပါ။ မြွေများနဲ့ ဆင်တူကြပါတယ်။ သူတို့မျိုချချိန်မှာ ထူးဆန်းတဲ့အပြုအမှုတစ်ခုရှိပါတယ်။

မျက်လုံးအကူအညီ

ဖားတစ်ကောင်ဟာ သူမျိုချတိုင်း သူ့မျက်လုံးတွေကို မှိတ်ထားတတ်ပါတယ်။ အစားအစာများကို လည်ချောင်းအောက်ဆီ ရွှေ့ဖို့ မျက်လုံးများဟာ မှိတ်ပေးရပါတယ်။ မျက်လုံးအကူအညီမပါဘဲ အစာမျိုချနိုင်ပေမယ့်လည်း အစာကို တွန်းထုတ်နိုင်ခြင်းကြောင့် အစာစားဖို့ လိုအပ်မယ့် မျိုချမှုပမာဏကို သိသိသာသာ လျော့နည်းစေပါတယ်။ မျက်လုံးနှစ်ဖက်လုံးကို မှိတ်ထားနိုင်သလို လိုအပ်သလို တစ်ကြိမ်ကို တစ်ဖက်ပဲပိတ်ပြီး အစာစားနိုင်ပါတယ်။ သူ့မျက်လုံးတွေက အလုပ်အားလုံးကို မလုပ်ပါဘူး။ ဖားဟာသူ့ရဲ့သားကောင်ကို ပါးစပ်ထဲထည့်ဖို့ သူရဲ့ရှေ့ခြေထောက်ကို အသုံးပြုပါတယ်။ ပြီးရင်တော့ သူ့ရဲ့လျှာနဲ့မျက်လုံးဟာ ပါးစပ်ထဲရောက်လာတဲ့သားကောင်ကို အစာအိမ်ရောက်ဖို့ တွန်းပေးပါတယ်။

မျက်လုံးကာကွယ်ရေး

သူ့မျက်လုံးများ မျက်တောင်ခတ်ခြင်းဟာ သူ့ကိုအစာစားဖို့ ကူညီတာတင်မဟုတ်ပါဘူး။ သူရဲ့ မျက်လုံးများကိုလည်း လုံခြုံစေပါတယ်။ ဖားတစ်ကောင်ဟာ သူ့ရဲ့သားကောင်ကို လုံးလုံးစားနေချိန် သားကောင်ဟာ အသက်ရှင်လျက်နဲ့ ရုန်းကန်တတ်ပါတယ်။ ရုန်းကန်နေတဲ့မြွေဟာ ဖားရဲ့မျက်လုံးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အစာမျိုတိုင်း မျက်လုံးပိတ်ထားတာက ဖားအစာစားတဲ့အခါ မျက်လုံးကို ထိခိုက်နိုင်ခြေ လျော့ကျစေပါတယ်။

သတင်းအရင်းမြစ်: Pets ON MOM

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။