ကျွန်တော်တို့ လူသားတွေပဲဖြစ်ဖြစ် တိရစ္ဆာန်တွေပဲဖြစ်ဖြစ် အားလုံးဟာ ခန္ဓာကိုယ်ရဲ့ အရေးကြီးဆုံးအစိတ်အပိုင်းတွေထဲက တစ်ခုဖြစ်တဲ့ ဦးခေါင်းမပါဘဲ အသက်မရှိနိုင်ကြပါဘူး။ ဒါပေမယ့် ပိုးဟပ်တွေအတွက်တော့ လုံးဝကွဲပြားသွားပါပြီ။

Photo Credit – From Google

ပညာရှင်တွေရဲ့ လေ့လာချက်တွေအရ ပိုးဟပ်တစ်ကောင်ဟာ ခန္ဓာကိုယ်ပေါ်မှာ ဦးခေါင်းမပါဘဲနဲ့ တစ်ပတ်လောက်အထိ အသက်ရှင်နိုင်ကြပါတယ်။ ကျွန်တော်တို့ လူသား ဒါမဟုတ် အခြားတိရစ္ဆာန်တွေမှာ အသက်ရှုဖို့အတွက် အပေါက်က တစ်ပေါက်ပဲပါကြပေမယ့်  ပိုးဟပ်တွေမှာတော့ သူတို့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုစီမှာ သေးငယ်တဲ့ အပေါက်လေးတွေပါတာဖြစ်လို့ အသက်ရှုဖို့တွက် ပါးစမ် ၊ ဦးခေါင်း မရှိလည်းရပါတယ်။

Photo Credit – From Google

ဒါပေမယ့် သူတို့ရဲ့ ပါးစပ်က ရေကို သောက်သုံးဖို့ လိုအပ်တာကြောင့် တစ်ပတ်လောက်မှာ ရေငတ်ရင် နောက်ဆုံးမှာ သေဆုံးကြရမှာပါ။ အစာမစားဘဲပဲ တစ်လထိ အသက်ရှင်နိုင်ပေမယ့် ရေမသောက်ရရင်တော့ မသက်မရှင်နိုင်ပါဘူး။ ပိုးဟပ်တွေဟာ ဦးခေါင်းမပါဘဲ အသက်ရှင်နေထိုင်နိုင်တဲ့ စွမ်းရည်အပြင် ရှင်သန်မှုနည်းဗျူဟာက ပိုပြီး စိတ်ဝင်စားစရာကောင်းပါတယ်။

Photo Credit – From Google

ဥပမာ - ပိုးဟပ်များဟာ မိနစ် ၄၀ ကြာ အသက်အောင့်နိုင်ပါတယ်။ တကယ်လို့ ရေထဲကျသွားလို့ ရေနစ်သွားတဲ့ အချိန်အခါမျိုးတွေမှာဆိုရင် မိနစ် ၃၀ အထိပင် ရှင်သန်နိုင်ကြပါတယ်။ ပြီးတော့ သူတို့က တစ်နာရီလျှင် သုံးမိုင်အထိ ပြေးနိုင်ပါတယ်။

Photo Credit – From Google

ဆိုလိုတာကတော့ လူတစ်ဦး လမ်းလျှောက်နိုင်သလောက် မြန်ကြတာပါ။ မည်သို့ပင်စေကာမူ ပိုးဟပ်တွေက ကျွန်တော်တို့ လူသားတွေအတွက်တော့ စိတ်ရှုပ်စရာပါ။ ပြီးတော့ ကျန်းမာရေး ရှုထောင့်က ကြည့်မယ်ဆိုရင်လည်း သူတို့ကနေ ရောဂါပိုးမွှားများ အလွန်လျင်မြန်စွာ ကူးစက်နိုင်ပြီး ဖျားနာတာတွေ ၊ ပန်းနာရင်ကျပ်တဲ့ ရောဂါလက္ခဏာများလည်း ဖြစ်စေနိုင်ပါတယ်။

Photo Credit – From Google

သတင်းအရင်းမြစ်: Source - pestworldforkids

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။