ခွေးရဲ့ လက်ဗွေရာအကြောင်း မပြောခင် လူသား‌တွေရဲ့ လက်ဗွေရာအကြောင်း အနည်းငယ်ပြောပြပါမယ်။ လူအများစုအတွက် အရင်းနှီးဆုံး ဇီဝဗေဒ အမှတ်အသားဟာ လက်ဗွေရာများဖြစ်ပါတယ်။ လက်ဗွေရာများရဲ့ ထူးခြားမှုနဲ့ လူများကို ခွဲခြားသတ်မှတ်ရာမှာ သူတို့ရဲ့ အသုံးဝင်မှုတို့ကို ထင်ရှားကျော်ကြားတဲ့ ၁၉ ရာစု သိပ္ပံပညာရှင် Francis Galton မှ ပထမဆုံး တည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်။ သူကြောင့်ပဲ နောက်ပိုင်းမှာ စိတ်ပညာနှင့် စာရင်းအင်းဆိုင်ရာ လေ့လာမှုမှာ သိသာထင်ရှားတဲ့ ပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့ပြီး လက်ဗွေရာများရဲ့ မှုခင်းဆိုင်ရာ အသုံးဝင်မှုကို ဖော်ထုတ်ခြင်းနှင့် အမျိုးအစားခွဲခြားခြင်းအတွက် ပထမဆုံး စနစ်တစ်ခုကို ထူထောင်ရာမှာလည်း အရေးကြီးတဲ့ အလုပ်များကို လုပ်ဆောင်ခဲ့ပါတယ်။

လက်ဗွေရာများဟာ ထူးခြားပြီး လူနှစ်ဦးမှာ တူညီတဲ့ လက်ဗွေပုံစံများ မရှိဘူးလို့ Galton က အခိုင်အမာဆိုခဲ့ပါတယ်။ လတ်တလောမှာ တူညီတဲ့လက်ဗွေရာနှစ်ခုကို ရှာဖွေတွေ့ရှိနိုင်ခြေဟာ အမွှာများအပါအဝင် 64 ဘီလီယံမှာ တစ်ပုံပဲရှိပါတယ်။ ကမ္ဘာတစ်ဝှမ်းလုံးရဲ့ လူဦးရေဟာ 8 ဘီလီယံအောက်ရှိတာကြောင့် ယနေ့ထိ အသက်ရှင်လျက်နဲ့ တူညီတဲ့ လက်ဗွေကို လူနှစ်ဦးထက် ပိုရှိမှာမဟုတ်ပါဘူး။

သေချာတာကတော့ ခွေးတွေမှာ လက်ဗွေရာတွေ မရှိပါဘူး။ ဒါပေမယ့် ခွေးများမှာ လက်ဗွေရာအတွက် အစားထိုးတဲ့ ဇီဝမက်ထရစ် အမှတ်အသားမှာ သူတို့ရဲ့ နှာခေါင်းပဲ ဖြစ်ပါတယ်။ လူတိုင်းရဲ့ လက်ဗွေရာပုံစံများဟာ ထူးခြားတယ်လို့ ယူဆရပြီး ခွေးရဲ့ rhinarium တစ်ခုစီ (ခွေးနှာခေါင်းဖျားရှိ အရေပြားဗလာ အပိုင်း) မှာတောါ ပါးချိုင့်များ၊ အစက်များနှင့် အခေါင်များ ပေါင်းစပ်ထားတဲ့ ဒီဇိုင်းပုံစံ ကွဲပြားနေပါတယ်။ သူရဲ့နှာခေါင်းပေါက်များ ပုံသဏ္ဍာန်ဟာ အခြားသူများကြားမှာ ခွေးတစ်ကောင်ကို အတိအကျ ခွဲခြားသိမြင်နိုင်လောက်အောင် ထူးခြားတဲ့ အမှတ်အသားတစ်ခုလို့ ယူဆရပါတယ်။ ဒါကြောင့်ပဲ ခွေးရဲ့နှာခေါင်းဟာ လူသားတွေရဲ့ လက်ဗွေလိုပဲ ဆန်းစစ်လို့ရပါတယ်။ ခွေးချင်းတူတဲ့အခါ ကိုယ်ခွေးကဘယ်ခွေးလဲဆိုတာ စစ်လို့ရပါပြီ။

သတင်းအရင်းမြစ်: Psychology today

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။