ကနေဒါနိုင်ငံ၊ Stony Plain၊ Alberta မြို့မှာနေထိုင်တဲ့ Canadian Derek Prue Sr ဆိုသူဟာ သူ့ရဲ့သားငယ်လေးမှာရှိတဲ့ မွေးရာမှာ အမှတ်အသားနဲ့ တူအောင် တက်တူးထိုးခဲ့တာကြောင့် လူအများအရဲ့ လေးစားဂုဏ်ယူမှုကိုလည်း ရရှိခဲ့ပါတယ်။

အသက် ၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Derek Prue လို့အမည်ရတဲ့ သူ့ရဲ့သားငယ်လေးရဲ့ ရင်ဘက်မှာ မွေးရာပါ အမှတ်အသားကြီးက ရေဖလားတစ်ခွက်စာလောက် ရှိခဲ့ပါတယ်။အဆိုပါ ကြီးမားတဲ့ အမှတ်သားကြောင့် လူပုံအလယ်မှာ သားလေး မျက်နှာငယ်ရဖို့နှင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိလာအောင် သူ့ရဲ့ ရင်ဘက်မှာ ပုံစံတူ တက်တူးထိုးဖို့အတွက် ဆုံးဖြတ်ခဲ့တာပါ။

ဖခင်ဖြစ်သူ Derek Sr ဟာ သူ့ရင်ဘတ်မှာ ပုံတူ မွေးရာပါ အမှတ်အသားထိုးဖို့ နာရီ ၃၀ ကြာ တက်တူးထိုးခဲ့ရပါတယ်။အဲ့ဒီနောက် သားဖြစ်သူ Son Derek Jr က သူ့ဖခင် ယခုလို တက်တူထိုးတာကို သဘောကျခဲ့ပြီး သားဖနှစ်ယောက် လုံး ရင်ဘက်က အမှတ်အသားတွေကို အပြိုင်အဆိုင်ပြခဲ့ကြပါတယ်။

ဖင်ခတစ်ယောက်ရဲ့ မေတ္တာတရားကြီးမားပုံကို ထိုးပေးတဲ့ တက်တူးဆရာအပြင် ဒီအကြောင်းလေးကို တွေ့မြင်ကြားသိရတဲ့သူတွေကပါ လေးစားဂုဏ်ပြုပေးခဲ့ကြပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။