ပြီးခဲ့တဲ့ ရက်ပိုင်းက လင်းနို့ဟင်းရည်စားပြခဲ့တဲ့ ထိုင်း YouTuber တစ်ဦးကို အင်တာနက်အသုံးပြုသူများက ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။ Isaan ဒေသိယစကားဖြင့် YouTuber ဟာ လင်းနို့တွေကို စနစ်တကျ ချက်ပြုတ်ပြီး မည်မျှအရသာရှိကြောင်း ၊ ကြွက်သားစားရသလိုဖြစ်ကြောင်း စားပြခဲ့ပါတယ်။

ရောဂါပိုးကူးစက်နိုင်ခြေ မြင့်မားတဲ့ လင်းနို့တွေကို စားပြခဲ့တဲ့ ဗီဒီယိုဖိုင်ဟာ Followers ၄ သိန်းရှိတဲ့ Gin Zap Bep Nua Nua ချန်နယ်ကနေ ဖော်ပြခဲ့တာ ဖြစ်ပြီး ကြည့်ရှုသူအများက ဆိုးဆိုးဝါးဝါး မှတ်ချက်ပေးခဲ့ကြပါတယ်။

Chulalongkorn University မှ ဆေးပညာဌာနမှ ပါမောက္ခ Teerawat Hemajuta ကတော့ လင်းနို့တွေဟာ ကပ်ရောဂါကို စတင်နိုင်တဲ့ ဆိုးရွားတဲ့ ရောဂါပိုးများပါတာကြောင့် စနစ်တကျ ချက်ပြုတ်ထားပေမယ့်လည်း မစားသင့်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ရောဂါပိုးများဟာ လင်းနို့ရဲ့ အင်္ဂါများ၊ သွေးနှင့် အမွေးများမှာ ရှိကြတာဖြစ်လို့ သူတို့ကို ကိုင်တွယ်ရုံဖြင့် ဖျားနာစေနိုင်တယ်လို့လည်း ဆိုထားခဲ့ပါတယ်။ ချင်းမိုင်တက္ကသိုလ်မှ ဆေးပညာဌာနမှ ဒေါက်တာ Rangsarit Kanchanawanit ကလည်း လင်းနို့များထံမှ လူသို့ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ် ၁၀,၀၀၀ ကျော် သယ်ဆောင်ထားပြီး အခြားသော ကပ်ရောဂါကို စတင်နိုင်တယ်လို့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။