ဘယ်အ‌ရာင်ကို ပိုကြိုက်ကြလဲလို့ လိုက်မေးတဲ့အခါ တစ်ကမ္ဘာလုံးက လူတွေက အပြာရောင်လို့ အမြဲပြောကြပါတယ်။ အံ့သြစရာကောင်းတာက ခြင်တွေကလည်း ကျွန်တော်တို့ လူသားတွေလိုမျိုး အပြာရောင်ကို တခြားအရောင်ထက် ပိုကြိုက်ကြပါတယ်။

အများသောအားဖြင့် ခြင်းတွေက အနက်ရောင် ဝတ်တဲ့ သူတွေကို ပိုကိုက်တယ်လို့ လူအများက ထင်ကြပါတယ်။ တကယ်တော့ သူတို့က အနက်ရောင် ၊ အနီရောင်တွေထက် အပြာဝတ်တဲ့လူတွေကို ပိုကိုက်ဖို့ ကြိုးစားကြတာဖြစ်ပါတယ်။ဒါပေမယ့် အပြာရောင်ကို ခြင်းတွေက ပိုကြိုက်တာမှန်ပေမယ့် အနက်ရောင် နှင့် အနီရောင် တို့ကလည်း ခြင်တွေကို ဆွဲဆောင်တဲ့ အရောင်များမှာ ပါဝင်ပါတယ်။

ကြိမ်းသေတာတစ်ခုကတော့ အပေါ်မှာ ပြောပြထားတဲ့ အရောင် ၃ မျိုးထဲက တစ်ခုကို သင်ဟာ ဝတ်ဆင်ထားမယ်ဆိုရင် သင့်ကို ရှာဖွေဖို့အတွက် ခြင်တွေကပိုပြီး လွယ်ကူပါတယ်။ခြင်တွေက လူတွေကို ဘယ်လိုရှာကြလဲ ..? ။ ခြင်တွေက လူသားတွေအပါအဝင် သူတို့ သွေးစုပ်လို့ရမယ် သူတွေကို ရှာဖွေရာမှာ နည်းလမ်းများစွာကို အသုံးပြုကြပါတယ်။

အများသော အားဖြင့် အမြင်အာရုံနှင့် အနံ့များကို အာရုံခံပြီး ရှာဖွေကြတာ ဖြစ်ပါတယ်။ပညာရှင်တွေရဲ့ လေ့လာချက်များအရ ခြင်းတွေက သူတို့ရဲ့ ပစ်မှတ်ကို ပေ ၁၅၀ အကွာမှ ခြေရာခံနိုင်ပြီး ၁၆ ပေမှ ၃၂ ပေအကွာအဝေးမှာ မြင်တွေ့နိုင်တယ်လို့ ဆိုပါတယ်။ နောက်တစ်ခု ရှာဖွေတွေ့ရှိမှုမှာ Type O သွေးရှိသူတွေဟာ Type A သွေးရှိသူတွေထက် ခြင်ကိုက်ခံရနိုင်ခြေ ပိုများကြောင်း တွေ့ရှိခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။